Wednesday, 25 July 2012 15:23
တရုတ်နိုင်ငံရှိ Ava နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီမှ
ထုတ်လုပ်သော ကလေးနို့မှုန့်များတွင် ကင်ဆာဖြစ်စေသော အဆိပ်များကို
တွေ့ရှိခဲ့မှုကြောင့် ယင်းနို့မှုန့်များကို ပြန်သိမ်းရန် ညွှန်ကြားခဲ့ကြောင်း
တရုတ် စားသောက်ကုန် အရည်အသွေး စောင့်ကြည့်စစ်ဆေးရေးအဖွဲ့က ဇူလိုင်လ ၂၂
ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
၂၀၁၁ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း ထုတ်လုပ်ခဲ့သော နို့မှုန့်များတွင်
မှိုကြောင့်ဖြစ်သော အဆိပ်သင့် antitoxin ပစ္စည်း ပါဝင်မှုမြင့်မားနေကြောင်း
စစ်ဆေးရေးအဖွဲ့က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းနို့မှုန့်များကို ကုမ္ပဏီက
ပြန်သိမ်းမှု စတင်နေ ပြီဖြစ်ကြောင်း နိုင်ငံပိုင်ဆင်ဟွာ သတင်းဌာနက
ဖော်ပြခဲ့သည်။
ယင်းအဆိပ်သင့် နို့မှုန့်များကို ဟူနန်နှင့်
ကွမ်တုံပြည်နယ်တို့ရှိ ကုန်တိုက်များတွင် အဓိကရောင်းချကြကြောင်း China's
General Administration of Quality Supervision, Inspection and Quarantine
မှ ပြောခွင့်ရပုဂ္ဂိုလ် လီယွမ်ဖင်းက ပြောကြား ခဲ့သည်။ပြီးခဲ့သောလကလည်း
ယီလီနို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီကြီး၏ နို့မှုန့်များတွင်
မာကျူရီပါဝင်မှု မြင့်မားနေကြောင်း တာဝန်ရှိသူများက တွေ့ရှိခဲ့သဖြင့်
ယင်းအဆိပ်သင့် နို့မှုန့်များ ပြန်လည် သိမ်းဆည်းခဲ့သည်။
၂၀၁၁
ခုနှစ်၊ ဒီဇင်ဘာလကလည်း Mengniu နို့နှင့်နို့ထွက်ပစ္စည်း ကုမ္ပဏီကြီးတစ်ခုမှ
ထုတ်လုပ်သော နို့မှုန့်များတွင် antitoxin များ ပါဝင်မှုမြင့်မားနေကြောင်း
စစ်ဆေးတွေ့ရှိခဲ့သည်။
မှိုတက်နေသော အစာများကို စားသုံးမိသော
နွားများမှထွက်သည့် နို့များတွင် ယင်းအဆိပ်သင့်ပစ္စည်းကို တွေ့ရှိနိုင်ပြီး
အဆုတ်ကင်ဆာအပါအ၀င် ကင်ဆာများဖြစ်နိုင်ခြေ မြင့်မားကြောင်း
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
Ref:AFP
Artikel terkait :
0 comments "တရုတ်တွင် Ava ကုမ္ပဏီ၏ ကလေးနို့မှုန့်များ၌ ကင်ဆာဖြစ်စေသော အဆိပ်များ တွေ့ရှိ", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.