ရတနာပုံတက္ကသိုလ်ကျောင်းသူလေးရဲ့ဖြစ်ရပ်

ဖြစ်ပုံကရင်နာစရာကောင်းသလိုဒီ
ကောင်မလေးတွေကိုလည်းဘယ်လိုဆက်သွယ်ပြီး အကူညီပေးရမှန်းမသိတာနဲ့ ဒီဘလော့လေးကိုသူတို့
ဖတ်မိရင်တော့ ဖြစ်နေတဲ့ပြဿနာကို အမှုမှန်တိုင်းပေါ်ပေါက်အောင်လုပ်နိုင်ပါစေဆိုတဲ့ဆန္ဒနဲ့ရေးလိုက်တာ
ပါ။

ပြဿနာကဒီလိုပါ ခုအမှုဖြစ်တဲ့ကောင်မလေးက နယ်ကနေရတနာပုံတက္ကသိုလ်မှာ ဥပဒေ ပထမနှစ်
ကျောင်းလာတက်တာပါ။နေတော့ခင်မင်ရင်းနှီးတဲ့ဘုန်းကြီးကျောင်းမှာတည်းနေပါတယ်။ သူနဲ့အတူကျောင်း နေဘက်သူငယ်ချင်းမိန်းကလေးတစ်ယောက်က သူ့ချစ်သူနဲ့တွေို့ရှိတယ် ဦးပိတ်တံတားမှာ အတူလည်ကြမယ် ကျန်တဲ့နေရာတွေနေရာလည်သလားတော့မသိပါဘူး ထားပါတော့အဲတော့ချစ်သူနဲ့အတူလည်ဖို့အတွက် နယ် ကကျောင်းလာတက်တဲ့ကောင်မလေးကိုကျောင်းဆင်းချိန်မှာ အဖော်ခေါ်လာပါတယ်။ဒီလိုနဲ့ လည်ကြပတ်ကြ ရင်း မိုးချုပ်သွားပါတယ်။

မိုးချုပ်သွားပြီဆိုတော့နယ်ကကျောင်းလာတက်တဲ့ကောင်မလေး ပြန်ဖို့အခက်တွေ့တာပေါ့။သူနေတာ

ကျွဲဆည်ကန် တံခွန်တိုင် ဈေးနားက မိုးထိအောင်စည်ကျောင်းရဲ့ အရှေ့ထဲကိုသွားရတဲ့လမ်းကြိုလမ်းကြားက

ဘုန်းကြီးကျောင်းတစ်ကျောင်းပါ ။ဒီတော့ ခြေကျင်ပြန်ဖို့ဆိုတာ အလှမ်းလည်းဝေးသလိုမိန်းကလေးတစ်ယော

က်ထဲလည်းမဖြစ်နိုင်ပါဘူး။ ဒီအခြေနေမှာ သူ့သူငယ်ချင်းကောင်မလေးကသူ့ချစ်သူကိုဆိုင်ကယ်နဲ့လိုက်ပို့ခိုင်း

ပါသတဲ့ ။အမှန်ဆိုသူကိုယ်တိုင်ပါလိုက်ပြီးလိုက်ပို့သင့်တာ။ချစ်သူကိုပဲလိုက်ပို့ခိုင်းတာတော့စဉ်းစားစရာတစ်ချ

က်ပေါ့လေ။ သူ့ချစ်သူကိုလိုက်ပို့ခိုင်းတော့ဆိုင်ကယ်နဲ့ နှစ်ယောက်ထဲထွက်လာခဲ့ကြပါတယ်။ သူငယ်ချင်းရဲ့ချ
စ်သူပဲဆိုပြီးယုံကြည်လို့လည်းလိုက်လာတာပါ။

ဒီလိုလိုက်ပို့ဖို့ဆိုင်ကယ်စီးလာရင်းတောင်သမန်အင်းရဲ့မြောက်ဘက် အင်းဘောင်ပေါ်မှာဆိုင်ကယ်ကို

ထိုးရပ်လိုက်ပါသတဲ့ ။ ဘာလို့လည်းဆိုတော့ငါအရက်သောက်ချင်လို့ အရက်ဆင်းဝယ်လိုက်ဦးမယ်ဆိုပြီးအနီး

မှာရှိတဲ့ဆိုင်တစ်ဆိုင်မှာအရက်နှစ်ပုလင်းဝယ်ယူလာပါသတဲ့။အရက်ဝယ်ပြီးငါအရက်သောက်လိုက်ဦးမယ်ဆိုပြီး

လူသူရှင်းတဲ့ အင်းအတွင်းဘက် အင်းဘောင်အောက်ကိုဆင်းလာပါသတဲ့ ကောင်မလေးကိုလည်းလမ်းပေါ်မှာ

ညကြီးတစ်ယောက်ထဲဖြစ်နေမယ်ဆိုပြီး အောက်ထဲကိုခေါ်လို့လိုက်သွားမိပါသတဲ့ အောက်ထဲ တံတိုင်းအကွယ်

လူသူမမြင်နိုင်တဲ့နေရာ တစ်ခုမှာ ကောင်လေးကအရက်တွေသောက်ပါတော့တယ်။ သူ့ဖာသာတစ်ယောက်ထဲ

သောက်ရာကနေ ကောင်မလေးကိုပါအရက်သောက်ခိုင်းတယ် လို့ပြောပါတယ် ။ကောင်မလေးကတစ်ခါမှမသောက်ဖူးကြောင်းသောက်လဲမသောက်ချင်ကြောင်းအထပ်ထပ်အခါခါငြင်းဆန်သော်လည်း ။အတင်းအဓမ္မထိုး

တိုက်တာကြောက် ပါးစပ်ထဲကိုအရပ်တွေရောက်ပြီးသောက်မိသွားပါတယ်။

တစ်ခါမှလည်းမသောက်ဘူး တာကြောင့်ဘာမှမသိအောင်မူးမေ့သွားခဲ့တယ်ဆိုပါတယ်။ အရက်ထဲမှာ

ဆေးတစ်ခုခုခပ်ထားသည်လားဘာလားတော့မသိပါဘူးတဲ့။ဘာမှမသိလောက်အောင်မူးမေ့သွားတဲ့အချိန်မှာ
ကောင်လေးက သူ့ကိုဗလက္ကာယပြုခဲ့တယ်လို့သူခံစားရပါသတဲ့။ဘာကိုမှတော့မမှတ်မိတော့ဘူးပြောပါတယ်

အဲဒီညမှာ ဘာတွေဖြစ်ခဲ့လည်းဘယ်ကိုရောက်နေလည်းကိုလည်းမသိရပါဘူးတဲ့ ။မနက်လင်းမှ သူငယ်ချင်းတွေ
ဆီသူရောက်နေမှအကြောင်းစုံကိုသိရပါသတဲ့။ ဘုန်းကြီးကျောင်းကိုလည်းမပြန်လိုက်ရပါဘူးတဲ့။

ဒီတော့မှသူ့ကိုလုပ်ကြံခံရမှန်းကောင်းကောင်းကြီးသိပြီးရှုံးပွဲချငိုနေတော့သတဲ့။ သူ့သူငယ်ချင်းတွေက

ရောသူပါ ဥပဒေတက်နေကြပေမယ့် ပထမနှစ်လည်းဖြစ်တက်စလည်းဖြစ်တာကြောင့် ဥပဒေအရဘယ်လိုဆက်

လုပ်ရမယ်ဆိုတာမသိပါဘူးတဲ့။ကောင်လေးကိုခေါ်ပြီးဆွေးနွေးတော့လည်း
ကောင်လေးက လုံးဝလက်မခံဘဲငြင်းဆိုနေပါသတဲ့။ နယ်ကမိဘတွေလည်းဘာမှမသိရသေးဘူးလို့ဆိုပါတယ်။ရှက်လည်းရှက်ဘ၀လည်းပျက်တာကြောင့် မိဘတွေလည်းအသိမပေး ဆရာဆရာမတွေကိုလည်းမပြောပြ အမှုလည်းမဖွင့်ရဲနဲ့အမြဲငိုကြွေးပြီးသူ့
ဖာသာသေကြောင်းတွေပဲကြံစည်နေပါတဲ့။

သူငယ်ချင်းတွေကအဲလိုမလုပ်ဖို့တားနေကြပေမယ့် ဒီပြဿနာကိုဘယ်လိုဆက်လုပ်ရမယ်ဆိုတာခုချိန်
ထိမသိသေးဘဲ ဇဝေဇ၀ါသာဖြစ်နေကြပါသတဲ့။တကယ်တော့ကောင်မလေးက အသက် ၁၈ နှစ်မပြည့်သေးပါဘူး ကောင်လေးကတော့ အသက်၂၀ ရှိပြီဆိုပါတယ်။ဖြစ်ပုံကတော့ဒါပါပဲ

ဒီတော့ခုထိဘာမှမလုပ်ရသေးဘဲ ခြေမကိုင်မိလက်မကိုင်မိထိုင်ငိုနေတဲ့ သူ့တို့ရဲ့သူငယ်ချင်းရဲ့ပြဿ

နာအတွက်ခေါင်းစားနေတဲ့ ကောင်မလေးတွေက ကျွန်တော့်သူငယ်ချင်းနဲ့ လမ်းမှာတွေ့ပြီးခဏလေးစကား

ပြောမိပြီးခင်လာရာက ဒီအကြောင်းတွေကိုပြောပြပြီး ဘယ်လိုဆက်လုပ်သင့်သလဲဆိုတာအကူညီတောင်းပါတယ်။တိုင်သင့်သလား တိုင်ရင်သူတို့နိုင်ပါ့မလား ကောင်လေးကငြင်းဆန်နေရင် အရှက်သာကွဲပြီးအမှုရှုံးမှာကို
စိုးရိမ်တာကြောင့်မတိုင်ရဲဖြစ်နေပါသတဲ့။ ကျွန်တော့်သူငယ်ချင်းကလည်း တိုင်သင့်တဲ့အကြောင်းအထောက်အ
ထားသက်သေ တွေပြဖို့တော့လိုကြောင်းပြောပြပြီးလမ်းခွဲလာခဲ့ပါသတဲ့ ။လိုသွားတာက ဒီကောင်မလေးရဲ့
လိပ်စာ ဆက်သွယ်လို့ရမယ့်ဖုန်းနံပါတ်မတောင်းခဲ့မိပါဘူးတဲ့ ။နန်းရှေ့မှာနေတယ်လို့တော့သိရတယ်လို့ပြော
ပါတယ်။

တကယ်လို့ကောင်မလေးရဲ့လိပ်စာကိုသာသိခဲ့ရင် ဆက်သွယ်ပြီးလူကြီးတွေအသိပေးဖို့ အထောက်

အထား နဲ့မှန်ကန်တယ်ဆို တရားစွဲဆိုဖို့ သွားပြောပြီးကူညီဖေးမပေးချင်ခဲ့ပါတယ်။ဒါပေမယ့်ဆက်သွယ်လို့မရ

တဲ့နောက်ဆုံး ဒီဘလော့ကိုပဲရေးခဲ့ပါတယ်။ အင်တာနက်အသုံးပြုပြီးလို့ ဒီဘလော့ကိုဖတ်မိတယ်ဆိုရင် ညီမ

လေးတို့ရေ ဒါမျိုးပြဿနာဆိုတာ ကြာကြာထားလို့မကောင်းပါဘူး မှန်ကန်ကြောင်းသေချာရင် အမြန်တိုင်သ

သင့်ပါတယ် ။ လူကြီးတွေကိုအသိပေးသင့်ပါတယ် ။ဖြစ်လာပြီးမှတော့ရှက်နေလို့မရတော့ပါဘူး။ ဒီတိုင်းနေရင်ပို
ဆိုးလာနိုင်သလို နောက်ထပ်လည်းအခွင့်ကောင်းယူပြီးဒါမျိုးပြဿနာတွေများစွာဖြစ်ပေါ်စေနိုင်ပါတယ်။ညီမလေးတို့လည်းဥပဒေတက်နေတာပဲလေ
ကျောင်းကဆရာဆရာမတစ်ယောက်ယောက်နဲ့ တိတ်တခိုးပြောပြတိုင်ပင်သင့်ပါတယ်။ အဓိက ကအမှုဖွင့်တော့မယ်ဆိုရင် အမှန်တိုင်းပြောပြရပါမယ် ။ အဲနေ့က၀တ်ထားတဲ့အ၀တ်အစားသက်သေအဖြစ်ရှိရပါမယ်။ဖြစ်တဲ့နေရာအတိအကျနဲ့ အရက်ဝယ်ခဲ့တဲ့ဆိုင် မှာအဲနေ့ကအရက်ဝယ်မ၀ယ်သေချာအောင် သက်သေအဖြစ်ထားဖို့လိုပါတယ်။ ဆီးစစ်သွေးစစ်ပြီး ပြဿနာအမှုမှန်ပေါ်အောင်ဆောင်ရွက်
၇င်ပို အဆင်ပြေနိုင်တာကြောင့် အမြန်ဆုံးအမှုဖွင့်ဖို့လိုပါတယ် ဆီးစစ်တယ်ဆိုတာ မြန်နိုင်လေကောင်းလေပါ

ကြောက်နေဖို့မလိုဘူး ကိုယ်ဘက်ကမှန်ရင် နိုင်ကိုနိုင်မှာပါ ။ရှက်တာတော့ရှက်တာပေါ့လေရှက်မသိဒီတိုင်းတော့မနေပါနဲ့ ။ကိုယ့်ဘ၀ကိုလည်းသေကြောင်းမကြံပါနဲ့။ လူ့အသက်တစ်ချောင်းရပြီးလူဖြစ်ဖို့ဆိုတာတကယ်မလွယ်ပါဘူး ။ရှေးအကုသိုလ်လို့ပဲသဘောထားပြီး နောင်ဒီလိုမဖြစ်အောင်သင်္ခန်းစာယူပါ။အပျိုစင်ဘဝ
ကိုဆုံးရှုံးရပေမယ့်  လူဖြစ်ရကျိုးကိုတော့အဆုံးရှုံးမခံပါနဲ့နော်။ ဘ၀အတွက်အနှစ်များစွာကိုထုတ်ယူလို့ရသေးတယ် ။နောင်ဘ၀ဒီလိုအဖြစ်မျိုးနဲ့မကြုံအောင် ဘ၀အကျိုးပေးကောင်းအောင် ကုသိုလ်ရေးတွေဖိအားပေးလုပ်လို့ရသေးတယ်ညီမလေးရေ။ဖြစ်လာတဲ့ဘ၀ကြုံလာတဲ့ပြဿနာကိုရဲရဲကြီးရင်ဆိုင်ပါ ။တို့နိုင်ငံကမင်းမဲ့တိုင်းပြည်မဟုတ်ဘူး လုပ်ချင်ရာလုပ်လို့မရဘူး ။အပြစ်လုပ်ရင်ပြစ်ဒါဏ်တော့ခံရမြဲပဲ။ လူမဆန်တဲ့ ကာမကောင်တွေနောက်ဒီလို မကြံရဲအောင် လုပ်သင့်တဲ့တိုင်းဆက်လုပ်ပါ။ အမှုအမြန်ဖွင့်ပါ။ ဒီလိုမှမဟုတ်ရင်ရာဂဘီလူးတွေကပိုသောင်းကြမ်းလာကြလိမ့်မယ်နော်။

ညီမလေးအဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်။

တစ်ဆက်တည်းမှာပဲ တက္ကသိုလ်တက်နေကြတဲ့ အားလုံးသောညီမလေးများကိုလည်းသတိပေးချင်ပါတယ်။ခု

နောက်ပိုင်းဒါမျိုးပြဿနာတွေများစွာဖြစ်နေပါတယ်။သံလျှင်ကအသက် ၁၄နှစ်အရွယ်ကျောင်းသူလေး။ကိုချစ်သူကအခွင့်ကောင်းယူပြီး ဆေးတွေတိုက် တည်းခိုခန်းမှာ အတူအိပ်တဲ့အမှု မကြာသေးမှီလပိုင်းအတွင်းကဖြစ်ပျက်ခဲ့ပါတယ်။ ဒီနေ့တက္ကသိုလ်လောကမှာ စာကိုကောင်းကောင်းမသင်ကြပဲ တက္ကသိုလ်တက်ရည်းစားများစွာထားပြီးဘ၀တွေပျက်ကုန်တာ၇၀%
နှုန်းလောက်ထိရှိနေပါပြီ ကျောင်းသူမိန်းကလေးများအပျိုစင်ဘ၀ကိုတန်ဖိုးထားဖို့လိုသလိုကိုယ့်ဘ၀ကိုရေတိမ်မနစ်ဖို့သတိဝီရိယကြီးစွာနဲ့ ရှောင်ရှားသင့်ပါတယ်။

ယနေ့ခေတ်မှာရာဂစိတ်ကိုထကြွစေနိုင်တဲ့ ဆေးတွေအရမ်းပေါများနေသည့်အလျှောက်ကျောင်းသူ
ကျောင်းသားတွေရဲ့လက်ထဲမှာအလွယ်တကူရောက်ရှိနေပါပြီ။ကော်ဖီ အချိုရည်ဗူး ပီကေလိုအစားအစာမျိုးကစ
သတိထားပြီး စားသောက်ကြဖို့လိုနေပါပြီ။ ကိုယ်ကစိတ်မပါသော်လည်းစိတ်ကို ထကြွစေနိုင်တဲ့ဆေးကိုသောက်မိရင် ဘ၀တွေနစ်မွန်းကုန်ပါလိမ့်မယ်။ ယနေ့လူငယ်များကလည်းကိုယ့်ချစ်သူအပေါ်မှာရောအခြားမိန်းလေးများကိုပါ ဒီဆေးတွေကိုအသုံးပြုပြီး။ ကာမကိုရယူသိမ်းဆည်းမှုများ ရှိနေပါပြီ။ဒါကို ဘ၀ကိုတန်ဖိုးထားတဲ့ ကျောင်းသူလေးများ မိန်းမငယ်လေးများ သတိကြီးစွာထားပေးကြပါ။

ပြီးခဲ့တဲ့လက 7Day ဂျာနယ်ထဲမှာအလွန်အင်မတန် ဆိုးတဲ့သတင်းတစ်ခု ဖတ်လိုက်ရတာရင်လေးစရာ
ပါပဲ။ ရန်ကုန်မြို့မှာ ရှိတဲ့ ဟိုတည်တည်းခိုခန်းတွေမှာ အချိန်ပိုင်းအခန်းများငှားသည်ဆိုတဲ့ဆိုင်းဘုတ်တွေအောက်မှာယနေ့ကျောင်းသူကျောင်းသားတွေ အပါအ၀င် အပျိုလူပျိုများ စုံတွဲလိုက်လာပြီး အခန်းငှား ဘ၀ကိုကာမနောက်မှာနစ်မွန်းနေကြတယ်ဆိုတာပါပဲ။ ဘယ်လောက်ထိများသလဲဆို ခရီးသွားဧည့်သည်ရာခိုင်နှုန်းကနည်း
နေပြီး ကျောင်းသူကျောင်းသားနဲ့အခြားစုံတွဲတွေ ရဲ့လာရောက်တည်းခိုအတူနေထိုင်မှုက သာနေပါသတဲ့နေ့စဉ် ရာခိုင်နှုန်း ၆၀%ရှိပါသတဲ့ ကျောင်းပိတ်ရက်များမှာဆိုရင်ခန်းလွတ်မရှိလောက်အောင်
ပြည့်တယ်ဆိုပါတယ်။

ဘ၀ကိုတန်ဖိုးမထားဘဲ စိတ်အလိုလိုက်နေကြတာ တကယ်ရင်လေးပါရဲ့။

အချို့မိန်းကလေးများကတော့ ဆေးတိုက်ခံရတာကနေ နောက်လဲမထူးတော့ပါဘူးဆိုပြီး ခဏတိုင်းအ
တူနေတယ်လို့ဆိုပါတယ်။မန္တလေးကန်တော်ကြီး ဘန်ကတိုများမှာဆိုလည်းကျောင်းဝတ်စုံလေးများနဲ့ ကျောင်း
သူကျောင်းသားစုံတွဲတွေအမြဲပြည့်နေအောင်ပျော်ပါးနေပါသတဲ့။ မရိုသေ့စကား တစ်တွဲနဲ့တစ်တွဲအသံတွေတောင်ကြားရတယ်လို့ မျက်မြင်ကိုယ်တွေ့ကြုံခဲ့သူ တစ်ယောက်ကပြောပြဖူးပါတယ်။ ရတနာပုံတက္ကသိုလ်မှာတက်နေတဲ့ ခင်တဲ့ကျောင်းသားတစ်ယောက်ကိုကျွန်တော်မေးကြည့်ဖူးပါတယ်။ သူ့မှာ ထားခဲ့တဲ့ရည်းစားငါးယောက်လောက်ရှိသလို ငါးယောက်လုံးနဲ့ တည်းခိုခန်းမှာအတူအိပ်ဘူးပါသတဲ့ ကဲကောင်းကြရော ဒီလိုမလုပ်သင့်တဲ့
အကြောင်းတကယ်ဘ၀ကိုတန်ဖိုးထားသင့်ကြောင်းနဲ့ မိန်းကလေးဘက်ကိုငဲ့သင့်ကြောင်းကျွန်တော်သူ့ကိုပြော
ပြပေးခဲ့ရပါတယ်။ အချို့ရက်များမှာဆို ကျောင်းမတက်ဘဲ တစ်နေကုန်အောင် တည်းခိုခန်းမှာအတူနေပြီး ကျောင်းဆင်းချိန်မှ အိမ်တို့ နေတဲ့အဆောင်တို့ပြန်လေ့ရှိပါသတဲ့ မိဘတွေကတော့ ရှာဖွေပြီးကျောင်းထားပေးရတာ
သူတို့က ကျောင်းမတက်ဘဲ တည်းခိုခန်းရောက်နေပါတယ်။

အချို့လည်းနယ်ကနေကျောင်းလာတက်ရာ အဆောင်မှာနေရတာလွတ်လပ်လွန်းတော့အုပ်ထိန်းသူမဲ့

ဖြစ်ချင်ရာဖြစ်ကြတော့တာလို့ဆိုပါတယ်။ အဆောင်မှုးကိုဒီနေ့ညတော့သူငယ်ချင်းအိမ်မှာအိပ်မလို့နော်ဆိုပြီး
တည်းခိုခန်းရောက်နေသူတွေပုံနေပါသတဲ့။

ကဲကျွန်တော်ရေးလက်စနဲ့ မို့ ဒီလိုမလုပ်သင့်ကြောင်း စိတ်ကိုအလိုမလိုက်သင့်ကြောင်းမိဘတွေကို
ငဲ့ကွက်သင့်ကြောင်း ဘ၀ကိုတန်ဖိုးထားသင့်ကြောင်းရေးပြတာပါ။
တကယ်တော့ကျွန်တော်တို့က သတိထားဖို့ တန်ဖိုးထားဖို့ အရှက်ရှိဖို့ သိက္ခာရှိဖို့အောက်တန်းစား
မဖြစ်ဖို့လမ်းညွှန်ပြီးဘလော့လေးရေးပေးနိုင်ရုံလောက်ပဲတတ်နိုင်ပါတယ်။တကယ်တမ်းလိုက်နာရမှာကတော့အမိ
တို့ ကိုကိုလေးတို့ရဲ့တာဝန်ပဲဖြစ်ပါတယ်။မိမိရဲ့လုပ်ရပ်ဟာ မိမိရဲ့အဆင့်အတန်းကိုဖော်ပြနေတယ်ဆိုတာ
သတိထားပြီးသိပေးစေချင်ပါတယ်။

အားလုံးကိုအပြစ်ကင်းစင်သောဘ၀လေးများကိုရစေချင်သောဆန္ဒဖြင့်…

credit to -- Posted by နိုင်မိုး(သို့)ပီတိ (ပေကြီး)

0 comments "ရတနာပုံတက္ကသိုလ်ကျောင်းသူလေးရဲ့ဖြစ်ရပ်", Baca atau Masukkan Komentar

Post a Comment

လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D

Note: Only a member of this blog may post a comment.

Related Posts Plugin for WordPress, Blogger...