အမေရိကန်ပြည်ထောင်စု
ကယ်လီဖိုးနီးယားပြည်နယ် Anaheim မြို့တွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့်
ဒေသခံနှစ်ဦး သေဆုံးရမှုအပေါ် မကျေမနပ်ဖြစ်နေသည့် ဆန္ဒပြသမားများနှင့်
ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်။
သေဆုံးသူနှစ်ဦးတွင် တစ်ဦးမှာ အသက် ၂၅ နှစ်အရွယ် Manuel Diaz
ဆိုသူဖြစ်ပြီး ၎င်းမှာ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုခံရစဉ်က လက်နက်ကိုင်ဆောင်ထားခြင်းမရှိကြောင်း
သိရသည်။ ဒေါသထွက်နေသည့် ဆန္ဒပြသမားများက စုရုံးချီတက်၍ ကျောက်ခဲများ၊
ပုလင်းများဖြင့် ပစ်ပေါက်ကာ လမ်းတစ်လျှောက်ရှိ ဆိုင်အချို့၏
မှန်များကိုလည်း ရိုက်ခွဲဖျက်ဆီးသွားသည်။
Anaheim
မြို့တော်ခန်းမကို ချီတက်လာသော ဆန္ဒပြသူအုပ်စုအား ရဲတပ်ဖွဲ့က ဖြိုခွင်းရန်
ကြိုးပမ်းခဲ့ပြီးနောက် ဆန္ဒပြသမားများနှင့် ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ကာ
အဓိကရုဏ်များ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း
RT News က ပြောကြားသည်။ အဓိကရုဏ်းများအတွင်း ဆန္ဒပြသူ ၂၄ ဦးအား ရဲတပ်ဖွဲ့
ဖမ်းဆီးခဲ့ကြောင်းလည်း သိရသည်။ ကယ်လီဖိုးနီးယား ရဲတပ်ဖွဲ့၏
ကိုင်တွယ်ဆောင်ရွက်ပုံများအပေါ် ယခင်ကလည်း ကန့်ကွက်ဆန္ဒပြမှုများ ရှိခဲ့သည်။
Photo: RT News, AP
လိုအပ်တာများရှိခဲ့ရင်လည်းအကြံဥာဏ်များကို
comment box မှာပေးခဲ့လို့ရပါတယ်။သူငယ်ချင်းတို့ရဲ့ comment
လေးတစ်ကြောင်းဟာ
ကျွန်တော်အတွက်နောက်ထပ်ပို့စ်တစ်ခုထပ်တင်ဖို့အားဆေးတစ်ခွက်ဆိုလည်းမမှားဘူးပေါ့ဗျာ
:D
Artikel terkait :
0 comments "ကယ်လီဖိုးနီးယားတွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ကြား အဓိကရုဏ်းဖြစ်", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.