ရန်ကုန် ဇူလိုင် ၂၅
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာ အုပ်စုတွင် ဒေသတွင်း ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားစဉ်က ယာယီ ခိုလှုံ နေခဲ့သည့် ဘင်္ဂါလီ လူမျိုး ၅၀ ကျော်ကို သက်ဆိုင်ရာက ဇူလိုင်လ ၂၄ ရက်နေ့တွင် ၄င်းတို့၏ နေရပ် အသီးသီးသို့ ပြန်လည် ပို့ဆောင် လိုက်ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးတင်ဖေက ပြောကြားသည်။
"စစ်တပ် အစီအစဉ်နဲ့ သူတို့ကို ပြန်ပို့တာပါ။ အခုပို့မယ့် သူတွေထဲမှာ မိတ္ထိလာဘက်က သူတွေလည်း ပါတယ်"ဟု ရမ်းဗြဲမြို့ရှိ တပ်မတော်သား အရာရှိ တစ်ဦးက ပြောကြားသည်။
အဆိုပါ ဘင်္ဂါလီများမှာ ဒေသတွင်း ဆူပူ အကြမ်းဖက်မှုများ မဖြစ်ပွားခင်က ကျောက်နီမော် ကျေးရွာကို ရောက်ရှိ လာကြသူများ ဖြစ်ပြီး ဒေသ အခြေအနေ တည်ငြိမ်မှု ရရှိလာသည့် အတွက် ယင်းသို့ ပို့ဆောင် ပေးခြင်း ဖြစ်ကြောင်း ၄င်းက ဆိုသည်။
The Voice Weekly

0 comments "ရမ်းဗြဲမြို့နယ်မှ ဘင်္ဂါလီ ၅၀ကျော်ကို နေရပ်ပြန်ပို့", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.