စစ်တပ်က ဖမ်းထားသူများကို အီဂျစ်သမ္မတ၏ အမိန့်အရ ပြန်လွှတ်ပေး

Wednesday, 25 July 2012 15:18
စစ်တပ်မှ ဖမ်းထားသူများကို အီဂျစ်သမ္မတသစ် အမိန့်ထုတ်ပြန်ပြီး တစ်ပတ်နီးပါး အကြာတွင် ယင်းအဖမ်းခံရသူများကို ဇူလိုင်လ ၂၃ ရက်တွင် စတင် လွှတ်ပေးနေပြီဖြစ်ကြောင်း လုံခြုံရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။

စစ်ခုံရုံးများတွင် စွဲချက်တင်ခံရသူ ၅၇၂ ဦးကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးသည့် အမိန့်အား ဇူလိုင်လ ၁၉ ရက်တွင် မော်ဆီက ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်သည်။

ယင်းလွှတ်ပေးသည့်နေ့မှာ ၁၉၅၂ ခုနှစ်တွင် စစ်ဘက် အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး ဘုရင်စနစ် ဖြုတ်ချနိုင်ခဲ့မှု အထိမ်းအမှတ် အားလပ်ရက်နှင့် တိုက်ဆိုင်နေကြောင်း သိရသည်။

စစ်တပ်က တရားစွဲဆိုထားသော အရပ်သားများ၏ အမှုများကို ပြန်လည် သုံးသပ်မည့် ကော်မတီတစ်ရပ်ဖွဲ့စည်းရန် သမ္မတက ညွှန်ကြားထားကြောင်း သိရသည်။

၂၀၁၁ ခုနှစ်၊ အီဂျစ်လူထု တော်လှန်ရေးအပြီး စစ်တပ်က ထိန်းသိမ်းထားသူမှာ စုစုပေါင်း ၁၁၈၇၉ ဦး ရှိကြောင်း ကော်မတီက ထုတ်ပြန်ခဲ့ပြီး ယင်းတို့အနက် ၉၇၁၄ ဦးမှာ ပြန်လွတ်လာပြီဖြစ်ကြောင်း သိရသည်။

စစ်ဘက်က အရပ်သားများကို တရားစီရင်မှုများမှာ လွတ်လပ်မြင်သာမှု မရှိသလို ဘက်လိုက်မှုများလည်း ရှိသဖြင့် ယင်းကဲ့သို့ စစ်ဆေးမှုများ ရပ်ဆိုင်းရန် တက်ကြွလှုပ်ရှားသူများနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး လှုပ်ရှားသူများက အမြဲတစ်စေ တောင်းဆိုခဲ့ကြသည်။

လူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့ (HRW) မှ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက ညွှန်ကြားရေးမှူး Sarah Leah Whitson က မော်ဆီအနေဖြင့် လူ့အခွင့်အရေးကို မူဝါဒထားပြီး စစ်ခုံရုံးများတွင် စွဲချက်တင်ခံရသူ အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် တိုက်တွန်းခဲ့သည်။

Ref:AFP

0 comments "စစ်တပ်က ဖမ်းထားသူများကို အီဂျစ်သမ္မတ၏ အမိန့်အရ ပြန်လွှတ်ပေး", Baca atau Masukkan Komentar

Post a Comment

လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D

Note: Only a member of this blog may post a comment.

Related Posts Plugin for WordPress, Blogger...