မန္တလေး ဆေးကျောင်းသား ၊ ကျောင်းသူများ ငွေကြေးချို့တဲ့သည့် လူနာများကို လစဉ် ထောက်ပံ့မှုများ ပြုလုပ်မည်

ရန်ကုန် ၊ ဇူလိုင် ၂၈

မန္တလေးမြို့တော် ဆေးတက္ကသိုလ် ကျောင်းသား ၊ ကျောင်းသူများ စုပေါင်းကာ ဆေးရုံကြီး လေးခုရှိ ငွေကြေး မတက်နိုင်သည့် လူနာများ အတွက် ဇူလိုင်လမှ စတင်ကာ လစဉ် ထောက်ပံ့ကြေးများ ပေးမည်ဖြစ်ကြောင်း အဆိုပါ ဆေးတက္ကသိုလ်က နောက်ဆုံးနှစ် ၊ အပိုင်း(ခ) ကျောင်းသား ဖြစ်သူ ကိုတေဇာစန်းက The Voice Weekly သို့ပြောသည်။

ယင်းသို့ငွေကြေး ထောက်ပံ့ခြင်းမှာ ကျောင်းသား ၊ ကျောင်းသူများ အတွက် ဆေးပညာ လက်တွေ့သင်ယူ ရာတွင် လူနာများ၏ အကူအညီ လိုအပ်ကြောင်း ၊ ဒါအပြင် လက်တွေ့ နယ်ပယ်ထဲတွင် လူနာ အများစုသည် ငွေကြေး ချို့တဲ့မှုများ ရှိနေသောကြောင့် တစ်ဖက်တစ်လမ်းက ကူညီရခြင်းဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

အဆိုပါ ကူညီမှုတွင် ဆေးတက္ကသိုလ် (မန္တလေး) က အတန်းပေါင်းစုံ ကျောင်းသား ကျောင်းသူများ ၊ ဆရာ ၊ ဆရာမများ ပါဝင် ကူညီခဲ့ကြကြောင်း နောက်ဆုံးနှစ် ၊ အပိုင်း (က) ကျောင်းသားဖြစ်သူ ကိုသူရစိုးက ပြောသည်။

ဆေးတက္ကသိုလ် (မန္တလေး) ကဆောင်ရွက်နေသော ဆင်းရဲနွမ်းပါးသည့် လူနာများကို ကူညီ ထောက်ပံ့ရေး အစီအစဉ်ကို ပါဝင် ကူညီ ဆက်သွယ်လိုသော ပုဂ္ဂိုလ်များ အနေဖြင့် ကိုပိုင်စိုးသူ (အလုပ်သင် ဆရာဝန် - ၀၉၄၀၂၅၈၆၉၂၅)၊ကိုတေဇာစန်း (နောက်ဆုံးနှစ် အပိုင်း ခ - ၀၉၉၁၀၂၈၁၅၂)၊ ကိုသူရစိုး
(နောက်ဆုံးနှစ် အပိုင်း က -၀၉၂၀၃၁၈၅၆) တို့ကို ဆက်သွယ်နိုင်သည်။
Become a Fan | forward to a friend

0 comments "မန္တလေး ဆေးကျောင်းသား ၊ ကျောင်းသူများ ငွေကြေးချို့တဲ့သည့် လူနာများကို လစဉ် ထောက်ပံ့မှုများ ပြုလုပ်မည်", Baca atau Masukkan Komentar

Post a Comment

လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D

Note: Only a member of this blog may post a comment.

Related Posts Plugin for WordPress, Blogger...