ကင်တားနားနှင့် အဖွဲ့ ရဟတ်ယာဉ် သုံးစီးဖြင့် မောင်တောမြို့သို့ ရောက်ရှိ

ကင်တားနားနှင့် အဖွဲ့ ရဟတ်ယာဉ် သုံးစီးဖြင့် မောင်တောမြို့သို့ ရောက်ရှိနေကြောင်း မောင်တောမြို့ခံ တစ်ဦးက ပြောသည်။

ကင်တားနား ရောက်ရှိစဉ် အင်ဂျီအို အလိုမရှိ NGO- Get Out ဟူသော တီရှပ်များကို လူတစ်ရာခန့်က ၀တ်ဆင်ပြီး၊ မြန်မာဒေသခံ တိုင်းရင်းသား ပြည်သူများအား အင်ဂျီအိုများက ခွဲခြားဆက်ခံနေပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကျူးကျော် ၀င်ရောက်နေထိုင်သူများကိုသာ အင်ဂျီအိုများက ဘက်လိုက် ဆက်ဆံ ထောက်ပံ့နေမှုများနှင့် ပတ်သက်၍ ဆန္ဒ သဘောထား ထုတ်ဖော်နေကြကြောင်း သိရသည်။

တိုင်းရင်းသား ပြည်သူများက နိုင်ငံတော် အလံများကို ကိုင်ဆောင်ထားကြပြီး သမ္မတကြီးစကားကို လေးစားလိုက်နာပါ၊ ခွဲခြား မဆက်ဆံပါနှင့် ဟူသော စာတန်းများကိုလည်း ကိုင်ဆောင် ဆန္ဒထုတ်ဖော်နေကြသည်ဟု မောင်တော ဒေသခံက ပြောသည်။

0 comments "ကင်တားနားနှင့် အဖွဲ့ ရဟတ်ယာဉ် သုံးစီးဖြင့် မောင်တောမြို့သို့ ရောက်ရှိ", Baca atau Masukkan Komentar

Post a Comment

လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D

Note: Only a member of this blog may post a comment.

Related Posts Plugin for WordPress, Blogger...