ပေကျင်း ဇူလိုင် ၂၃
တရုတ်နိုင်ငံတစ်ဝန်းတွင် ယွမ်သန်းပေါင်း ၁၁၈ သန်းတန်ဖိုးရှိ ငွေအတုများပြုလုပ်ရာတွင် ပါဝင်သည်ဟု ယူဆရသူ ၄၆၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု သတင်းဌာနတစ်ခုက ဇူလိုင် ၂၂ ရက်တွင်ဖော်ပြခဲ့ကြောင်း သိရသည်။
ထို့နည်းတူ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းဒေသတွင် ယွမ်သန်း ၈ဝ တန်ဖိုးရှိ ငွေတုများနှင့် ငွေတုပြုလုပ် သည့် ပစ္စည်းများကိုပါ သိမ်းဆည်းရမိကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် ၂ဝ၁ဝ ပြည့်နှစ်မှစ၍ငွေတုပြုလုပ်သူဟု ယူဆရသူ ၂၈၂၁ ဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး လေးဦးကိုသေဒဏ်ပေးခဲ့ကြောင်း သိရသည်။

0 comments "တရုတ်တွင်ငွေတုပြုလုပ်သူ ၄ဝဝ ကျော်ဖမ်းဆီး", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.