ကျိုးပြတ်သွားသည့် တံတားနှစ်စင်း အမြန်ဆုံးပြင်ဆင်နိုင်ရေး နေပြည်တော်ကောင်စီဝင် ဦးကံချွန် ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၂၉

နေပြည်တော်ကောင်စီဝင် ဦးကံချွန်သည် ဇူလိုင် ၂၈ ရက်က နေပြည်တော်ကောင်စီနယ်မြေ အင်ဂျင် နီယာမှူးကြီး ဦးသိန်းဆိုင်၊ တံတားဆောက်လုပ်ရေး စီမံကိန်း အထူးအဖွဲ့ (၃)မှ လက်ထောက်အင်ဂျင် နီယာ ဦးအောင်ကိုဦးနှင့်တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့နယ် ဆင်သေချောင်းရေကြီးမှုကြောင့် ဇူလိုင်၂၇ ရက် နံနက်ပိုင်းက ကျိုးပြတ်သွားခဲ့သည့် သပြေချောင်းတံတားနှင့် ဝဲကြီးတံတားတို့ကို သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ရွှေမြို့နှင့်သပြေချောင်း ဆက်သွယ်သော သပြေချောင်း ကိုယ့်အားကိုယ်ကိုးသစ်သားတံတားသည် အရှည် ၃၇၅ ပေရှိပြီး ဝဲကြီးရွာ (ပုဗ္ဗသီရိမြို့နယ်)နှင့် ဝန်ပြန်ရွာ(ဇေယျာသီရိမြို့နယ်)ဆက်သွယ်သောဝဲကြီး ကိုယ့်အားကိုယ်ကိုးသစ်သားတံတားသည် အရှည် ပေ ၃၅ဝ ရှိကာ ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက မိုးရွာ သွန်းမှုများပြီး ဆင်သေချောင်းရေကြီးမှုကြောင့် ယင်းသစ်သားတံတားနှစ်စင်းကျိုးပြတ်သွားခဲ့ခြင်းဖြစ်သည်။
အဆိုပါတံတားများအား တံတားဆောက်လုပ်ရေးစီမံကိန်းအထူးအဖွဲ့(၃)က အသေးစိတ်ပြန်လည် တိုင်းထွာပြီး အမြန်ဆုံးပြင်ဆင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

0 comments "ကျိုးပြတ်သွားသည့် တံတားနှစ်စင်း အမြန်ဆုံးပြင်ဆင်နိုင်ရေး နေပြည်တော်ကောင်စီဝင် ဦးကံချွန် ကြည့်ရှုစစ်ဆေး", Baca atau Masukkan Komentar

Post a Comment

လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D

Note: Only a member of this blog may post a comment.

Related Posts Plugin for WordPress, Blogger...