“မှောင်ခိုတင်သွင်းမှုများအား ဆက်တိုက် ဖမ်းဆီးနေသောကြောင့် ထိုင်းနယ်စပ်မှ တစ်ဆင့် စက်သုံးဆီ တင်သွင်းနေသူများ တရားဝင်လိုင်စင်ဖြင့် တင်သွင်းလိုကြောင်း စီးပွား/ကူးသန်းသို့ တင်ပြ”

ထိုင်းနိုင်ငံမှ ကုန်စည်များအား မြန်မာနိုင်ငံသို့ မှောင်ခို ကုန်သွယ်နေမှုများကို ကော့သောင်းတွင် ကြပ်မတ်ဖမ်းဆီးလျက်ရှိသည့်အတွက် ထိုင်းနိုင်ငံမှ လက်ရှိ စက်သုံးဆီ တင်သွင်းနေသူများအနေဖြင့် တရားဝင်လိုင်စင်ဖြင့် တင်သွင်းလိုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနသို့ တင်ပြထားကြောင်း သတင်းရရှိ ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာနမှလည်း တင်ပြထားချက်များအပေါ် လက်ခံညှိနှိုင်း လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တစ်ဆင့် တင်ပြလာခြင်းဖြစ်ကြောင်း သိရှိရသည်။

“မှောင်ခိုတွေ ဖမ်းနေတယ်။ အဲဒီအတွက် မြိတ်၊ ထားဝယ်၊ ကော့သောင်းက စက်သုံးဆီနေ့စဉ် လိုအပ်ချက်ရှိတဲ့ လုပ်ငန်းတွေအတွက် ဆီတင်သွင်းတဲ့သူတွေက တရားဝင်လိုင်စင်နဲ့ သွင်းချင်တယ်လို့ တင်ပြလာတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။

“ကျွန်တော်တို့ကတော့ အမျိုးအစား လေးမျိုးခွဲခြားပြီး လျောက်ထားဖို့ ပြောထားတယ်။ အဲဒီအတွက် အအေးခန်း စက်ရုံတွေက တစ်ပိုင်း၊ ဆိုင်ကယ်နဲ့ ကားကတစ်ပိုင်း၊ ငါးဖမ်းစက်လှေတွေက တစ်ပိုင်း၊ လျှပ်စစ်မီးပေးတဲ့ စက်ရုံတွေက တစ်ပိုင်းဆိုပြီး ခွဲတင်ပါ။ နေ့စဉ် လိုအပ်ချက် ပမာဏကိုပါ တင်ပါလို့ ပြောထားတယ်” ဟု ၎င်းက ဆက်လက်ပြောပါသည်။
 
General Knowledge

0 comments "“မှောင်ခိုတင်သွင်းမှုများအား ဆက်တိုက် ဖမ်းဆီးနေသောကြောင့် ထိုင်းနယ်စပ်မှ တစ်ဆင့် စက်သုံးဆီ တင်သွင်းနေသူများ တရားဝင်လိုင်စင်ဖြင့် တင်သွင်းလိုကြောင်း စီးပွား/ကူးသန်းသို့ တင်ပြ”", Baca atau Masukkan Komentar

Post a Comment

လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D

Note: Only a member of this blog may post a comment.

Related Posts Plugin for WordPress, Blogger...