ထိုင်းနိုင်ငံက အမေရိကန် ဒေါ်လာ သန်းကိုးထောင်ကျော် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ

ရန်ကုန်၊ ဇူလိုင် ၂၆

မြန်မာနိုင်ငံ ၌ ပြည်ပ ရင်းနှီးမြှုပ်နှံမှု အဆင့် ၂ နေရာတွင် ရှိနေသော ထိုင်းနိုင်ငံက ၂၀၁၂ ခုနှစ် ဧပြီ လ ၃၀ ရက်နေ့အထိ အမေရိကန် ဒေါ်လာ သန်းကိုးထောင်ကျော် ရင်းနှီးမြှုပ်နှံထားပြီဖြစ်ကြောင်း ယနေ့ ထုတ် နိုင်ငံပိုင် သတင်းစာများတွင်ဖော်ပြထားသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုမှာ မြန်မာနိုင်ငံ ပြည်ပ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၂၃ ဒဿမ ၃၂ ရာခိုင်နှုန်းရှိကြောင်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း နှစ်နိုင်ငံ စုစုပေါင်းကုန်သွယ်ရေး ပမာဏမှာ အမေရိကန် ဒေါ်လာ ၄၅၁၅ သန်းရှိပြီး ယခင်နှစ်ကထက် ၂၄ ဒဿမ ၉ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့ကြောင်း ယင်းဖော်ပြချက်တွင် ပါရှိသည်။
The Voice Weekly
 

0 comments "ထိုင်းနိုင်ငံက အမေရိကန် ဒေါ်လာ သန်းကိုးထောင်ကျော် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ", Baca atau Masukkan Komentar

Post a Comment

လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D

Note: Only a member of this blog may post a comment.

Related Posts Plugin for WordPress, Blogger...