လယ်သမားနစ်နာမှု စုံစမ်းရေးကော်မရှင်ဖွဲ့မည်

လယ်ယာမြေသိမ်းဆည်းခံရမှုကြောင့် နစ်နာရတဲ့ လယ်သမားတွေအရေးကို တရားမျှတစွာ ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန် အတွက် ကော်မရှင်တစ်ရပ် ဖွဲ့စည်းဖို့ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။

ဇလွန် မဲဆန္ဒနယ်က ဦးတင်ထွဋ် တင်သွင်းတဲ့ "လယ်ယာမြေ သိမ်းဆည်း ခံရခြင်း အား စုံစမ်းလေ့လာ ဖော်ထုတ်ပြီး တောင်သူလယ်သမားများအား
နစ်နာမှု မရှိစေရေး တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးရန် " အဆိုကို
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ၀င်ရောက်ဆွေးနွေးပြီးနောက်
ကော်မရှင်ဖွဲ့ရေးကို အတည်ပြုဆုံးဖြတ်လိုက်တာဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

ဒီကော်မရှင်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ ၊ အစိုးရအဖွဲ့ဝင်တွေ နဲ့ ပညာရှင်တွေ ပါဝင်မယ်လို့ သိရပါတယ်။ ဒီကော်မရှင်က ဥပဒေပညာရှင်တွေ နဲ့ ဆွေးနွေးတိုင်ပင်ပြီး လယ်သမားတွေအရေးကို ဆွေးနွေးဖြေရှင်း
မှာဖြစ်ကြောင်းလည်း သိရပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးတင်ထွဋ် တင်သွင်းတဲ့ ဒီအဆိုကို ၀င်ရောက်ဆွေးနွေးသူ ကိုယ်စားလှယ်ပေါင်း ၄၅ ဦးရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂ ဦးလည်း ပါဝင်ဆွေးနွေးကြောင်း သိရပါတယ်။

0 comments "လယ်သမားနစ်နာမှု စုံစမ်းရေးကော်မရှင်ဖွဲ့မည်", Baca atau Masukkan Komentar

Post a Comment

လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D

Note: Only a member of this blog may post a comment.

Related Posts Plugin for WordPress, Blogger...