(၂၅-၇-၂၀၁၂) ရက်နေ့ မနက်အစောကြီး ( ၃) နာရီလောက်မှာ၊
ထိုင်းနိုင်ငံတောင်ပိုင်း၊ ရာနွတ် မြို့နယ်။ ဆွန်ခလ ခရိုင်မှာရှိတဲ့ CPF
ပုဇွန် စက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာ နိုင်ငံသား ( ၃) ယောက်ကို
အမည်မသိ သေနတ်သမား (၂) ယောက်က ပစ်သတ်သွားလို့ အသက် (၂၆) နှစ်အရွယ်
မစပယ်ဖြူဆိုတဲ့ မြန်မာမွတ်ဆလင်မလေးတစ်ယောက် သေဆုံးပြီး၊
မောင်အောင်အောင်ဆိုဆိုတဲ့ လူငယ်လေးတစ်ယောက်က
ဆေးရုံရောက်ပြီးသေဆုံးသွားပါတယ်
။ မောင်ခင်မောင်ထွန်းဆိုတဲ့
(မကွေး) က လူငယ်လေးကတော့ နောက်ကျောမှ သေနတ်ဒဏ်ရာ (၂) ချက်၊ ပေါင်မှာ (၁)
ချက်နဲ့ အတွင်းလူနာ အဖြစ်ဆေးကုသခံနေရလို့၊ ကျနော်တို့ FED (ပညာရေးနှင့်
ဖွံ့ဖြိုး၊တိုးတက်ရေးဖေါင်းဒေရှ င်း)
က မြန်မာဝန်ထမ်းနှစ်ယောက်နဲ့ ထိုင်းရှေ့နေတစ်ယောက်ကို (၆) နာရီကြာ
ကားမောင်း ပြီး သွားခိုင်းလို့မှ မပြီးသေးဘူး၊ ဒီနေ့ မနက် မှာ ကျနော်တို့
ရဲ့စေတနာ့ဝန်ထမ်း အလုပ်သမားများမှ ဖုန်းဆက်လာပါတယ်။ မနေ့ညက ( ၂၅၊၀၇၊၂၀၁၂)
ညက ဖန်ငခရိုင် ထိုင်း မွန် မြို့နားက ရော်ဘာခြံ မှာ မြိတ် ကျွန်းစုက အသက်
(၂၇) နှစ်အရွယ် ကိုထူးနိုင် ကိုအမည်မသိသေနတ်သမားက သေနတ်နဲ့
ပစ်သတ်သွားပါတယ်။ ဘယ်ဘက်ရင်အုံမှာ သေနတ်ဒဏ်ရာ(၆) ချက်တွေ့ပါတယ်။
ကိုထူးနိုင်မှာ မသန်မစွမ်းကလေးငယ်တစ်ယောက်အပါအဝ င်၊
သားသမီး (၂) ယောက်နဲ့ ဇနီးသည် ကျန်ခဲ့ပါတယ်။ အဲဒီ ကိစ္စတွေ
ကူညီဆောင်ရွက်ပေးဖို့ ထိုင်းနိုင်ငံဘန်ကောက်မြို့ မြန်မာသံရုံးနဲ့
ပူးပေါင်းဆောင်ရွက်နေပါတယ်။ ခါတိုင်းဆို ကျနော်တို့ ဝန်ထမ်းတွေ
အလားတူကိစ္စတွေဆောင်ရွက်ဖို့ သွားရင်၊ စက်ရုံပိုင်ရှင်တွေက စက်ရုံထဲကို
ဝင်ခွင့်မပြုပါဘူး။ ကျနော်တို့ ဝန်ထမ်းတွေက မြန်မာသံရုံးက လွတ်လိုက်လို့
လာတာပါ။ လို့ ပြောတော့ မန်နေဂျာကကောင်းကောင်းမွန် ဆက်ဆံပြီး၊ ဥပဒေအတိုင်း
ဆောင်ရွက်ပေးမယ်လို့ ပြောတယ်လို့ ကျနော်တို့ ဝန်းထမ်းတွေက ဖုန်းဆက်လာပါတယ်။
အစိုးရတစ်ရပ်ရဲ့ကူညီ၊ ပူးပေါင်းဆောင်ရွက်မှု့ဟာ၊
အလုပ်သမားရေးဆောင်ရွက်ရာမှာ အင်မတန်ထိရောက်တယ် လို့ ပြောချင်ပါတယ်။
ထူးခြားသတင်း
Ditulis oleh:
Unknown - Friday, July 27, 2012
0 comments "ထူးခြားသတင်း", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.