ရန်ကုန်၊
ဇူလိုင် ၂၆ ဇူလိုင်လ ၂၅ ရက်နေ့ ည ၁၁ နာရီ အချိန်က
နှလုံးသွေးကြောကျဉ်းရောဂါဖြင့် ပြည် မြို့ ဝေပုလ္လာရာမကျောင်း ဆရာတော်
ရုတ်တရက် ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း အနီးကပ် ပြုစုခဲ့သည့် တပည့်
ဒါယကာများထံမှ သိ ရသည်။ ''ဆရာတော်က အမြဲတမ်း ကျန်းကျန်းမာမာပါပဲ။ ၂၅
ရက်နေ့ နံနက် ၇ နာရီလောက်က ရင်ဘတ်အောင့်လို့ ဆိုပြီး မိန့်ကြားခဲ့ပါ
တယ်။ ဒါနဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ပြည်မြို့က ပါရမီရှင်
အထူးကုဆေးခန်းကို တင်လိုက်ပြီး ည ၁၁ နာရီလောက်ကျတော့ ပျံလွန်
တော်မူခဲ့ပါတယ်'' ဟု ပြည်မြို့ရှိ ဒါယိကာမတစ်ဦးက ပြောသည်။ ပြည်မြို့ရှိ
ပါရမီရှင် အထူးကု ဆေးခန်းသို့ တက်ရောက် ကုသမှု ခံယူနေရာ ဝေဒနာမှာ သက်သာမှု
မရှိသည့်အတွက် ရန်ကုန်သို့ ပင့်ဆောင်ကြရန် အနီးနေ တပည့်များက
ကြိုးစားကြသော်လည်း ထိုနေ့ည ၁ဝ နာရီ၊ ၃၅ မိနစ် အချိန်တွင် ဆေးတိုက်မှုကို
ဆရာ တော်က ပါးစပ်မဟပေးတော့ဘဲ ငြိမ်သက်သွားခဲ့သည်ဟု ၄င်းက ဆက်လက်ကာ
ပြောသည်။ ''သတိမေ့သွားတယ်လို့ပဲ ထင်ခဲ့တာ။ ဆရာဝန်တွေလည်း ကြိုးစားပြီး
ရင်ဘတ်တွေ ဘာတွေ ဖိပြီး အမျိုးမျိုးလုပ်ကြတာတောင်မှ သတိက
ပြန်မလည်လာတော့ဘူး။ ဒါနဲ့ ည ၁၁ နာရီမှာပဲ ပျံလွန်တော်မူသွားပါပြီလို့
ဆရာဝန်တွေက အတည်ပြုပေးခဲ့ပါတယ်''ဟု ရန်ကုန်မြို့မှ ရောက်ရှိနေသော
ဒါယိကာမတစ်ဦးက ဆိုသည်။ ရုပ်ကလာပ်ကို ပျံလွန်တော်မူပြီးပြီးချင်း
ဆေးခန်းမှ ည ၁၁ နာရီကျော်တွင် ဝေပုလ္လရာမကျောင်းတိုက်သို့
ပင့်ဆောင်လာခဲ့ပြီဟု သိရပြီး ဈာပနအခမ်းအနား ကျင်းပမည့်နေ့ကို ဇူလိုင်လ ၂၆
ရက်နေ့ နေ့လယ် ၂ နာရီတွင် အစည်းအဝေးပြုလုပ်၍ ကြေညာမည်ဟု သိရသည်။
ပြည်မြို့ ဝေပုလ္လ ဆရာတော်မှာ သက်တော် ၆၈ နှစ်၊ သိက္ခာတော် ၄၈ ဝါ ရှိပြီး
ပြည်မြို့ မင်းကြီးတောင်ခြေရှိ ဝေပုလ္လာ ရာမ ကျောင်းတိုက်တွင် သတင်းသုံးကာ
သာသနာပြုနေခဲ့ရာ မဟာသဒ္ဒမ ဇောတိကဓဇ္ဇ၊ အဂ္ဂမဟာသဒ္ဒမ ဇောတိကဓဇ္ဇ ဘွဲ့တော်တို့ကို
နိုင်ငံ တော်မှ ဆက်ကပ်လှူဒါန်းခဲ့သည်။ ၁၃ဝ၆ ခုနှစ် ဝါခေါင်လဆန်း ၁၅ ရက်
ဗုဒ္ဓဟူးနေ့၌ ခမည်းတော် ဦးဒဟင်၊ မယ်တော် ဒေါ်ကြည်အေးတို့မှ မွန်ပြည်နယ်၊
ကျိုက် မရောမြို့နယ်၊ ညောင်ပင်ဆိပ်ကျေးရွာတွင် ဆရာတော် လျောင်းလျာကို
မွေးဖွားခဲ့ပြီး ငယ်မည်မှာ မောင်လွန်းခင် ဖြစ်သည်။ ၁၃၂၃ တပေါင်းလဆန်း ၈
ရက်နေ့ အသက် ၁၇ နှစ်သား အရွယ်၌ ပြည်မြို့တွင် စစ်အင်ဂျင်နီယာ
တပ်ဗိုလ်မှူးကြီး မျိုးမြင့်နှင့် မိသားစု၏ ထောက်ပံ့မှုကို ခံယူကာ
ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၃၂၆ ခု၊ ပထမဝါဆိုလဆန်း ၃ ရက် နံနက် ၇
နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့ ၉ ထပ်ကြီး၊ ဗားကရာတိုက် ပဋိယတ္တိတိုက်ခွဲ
ဆရာတော် ဘဒ္ဒန္တကေသရအား သပဇ္ဈာယ်ပြု၍ ရှင်ရဟန်းအဖြစ် ခံယူခဲ့သည်။ ထိုင်း၊
စင်ကာပူ၊ မလေးရှား၊ သြစတြေးလျ၊ အင်ဒိုနီးရှား၊ ဟောင်ကောင် အစရှိသည့်
ပြည်ပနိုင်ငံများနှင့် ပြည်တွင်းဒေသအနှံ့ သာ သနာပြုတော်မူခဲ့ပြီး
ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းတိုင်းဒေသကြီး သံဃနာယကဥက္ကဋ္ဌ အဖြစ်
ပျံလွန်တော်မမူမီအထိ တာဝန်ယူတော်မူ ခဲ့သည်။ ဆရာတော်မှာ လောကုတ္တရာ
စာပေများအပြင် လောကီစာအုပ်များကိုပါ ရေးသား ပြုစုတော်မူခဲ့သည်။
PN-051
ပြည်မြို့ဝေပုလ္လဆရာတော်နှလုံးသွေးကြောကျဉ်းရောဂါဖြင့်ဘဝနတ်ထံပျံလွန်
Ditulis oleh:
မျိုး သီဟ - Thursday, July 26, 2012
0 comments "ပြည်မြို့ဝေပုလ္လဆရာတော်နှလုံးသွေးကြောကျဉ်းရောဂါဖြင့်ဘဝနတ်ထံပျံလွန်", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.