skip to main |
skip to sidebar
ဆန်စက်လုပ်ငန်းများရှိသည့်
အာဆီယံ အဖွဲ့ဝင်နိုင်ငံများ စုပေါင်း၍ အာဆီယံ ဆန်စက်လုပ်ငန်း အသင်းကို
ဖွဲ့စည်းတည်ထောင်သွားရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ
ဆန်စက်လုပ်ငန်းရှင်များအသင်းမှ သတင်းရရှိပါသည်။
“အာဆီယံမှာစင်ကာပူနဲ့ ဘရူနိုင်းနိုင်ငံကလွဲလို့ ကျန်တဲ့နိုင်ငံတွေမှာ
ဆန်စက်အသင်းတွေရှိကြပါတယ်။ ဒါကြောင့် ဒီအသင်းတွေပေါင်းပြီး အာဆီယံ
ဆန်စက်အသင်းတွေ ဖွဲ့လိုက်တဲ့အခါ ဆန်စက်တွေရဲ့ နည်းပညာရော၊
ပူးပေါင်းဆောင်ရွက်မှုတွေရော တိုးတက်လာမှာ ဖြစ်ပါတယ်၊၊ အသင်း
ပေါ်ပေါက်ဖို့အတွက်ကို ထိုင်းနိုင်ငံက ဦးစီးဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု
မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦးတင်ဝင်းက ပြောကြားခဲ့သည်။
၂၀၁၀ ပြည့်နှစ် သြဂုတ်လအတွင်း ထိုင်းနိုင်ငံ၌ အာဆီယံ
အဖွဲ့ဝင်နိုင်ငံများမှ ဆန်စက်လုပ်ငန်းရှင်များ တွေ့ဆုံပြီး အာဆီယံ
ဆန်စက်အသင်းအား ဖွဲ့စည်း တည်ထောင်နိုင်ရန် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း၊
ယင်းနောက်ပိုင်းနှစ်တွင် အကြောင်းအမျိုးမျိုးကြောင့်
ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။
Artikel terkait :
0 comments "“အာဆီယံ ဆန်စက်အသင်း အဖွဲ့အား ဖွဲ့ရန်စီစဉ်”", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.