၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့နှင့် လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကွင်တားနားတို့ တွေ့မည်

၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာကုလသမ္မဂ လူ့အခွင့်အရေး ဆိုင်ရာအထူး ကိုယ်စား လှယ် တို့ဩဂုတ်၂ရက်နေ့တွင် ယူအန်ဒီပီရုံး ဦးသန့်ခန်းမတွင် တွေ့ဆုံဆွေးနွေး ကြမည်ဟု ၈၈မျိုး ဆက် ကျောင်းသားအဖွဲ့မှ ကိုဂျင်မီက ပြောသည်။

မြန်မာနိုင်ငံသို့ ဇူလိုင်၃ဝရက်နေ့ တွင် ရောက်ရှိလာမည့်အဆိုပါအထူး ကိုယ်စားလှယ် သော မတ်စ် အိုယေး ကွင်တားနား နှင့် လတ်တလောဖြစ်ပွားနေေ သာ ကချင်ပြည်နယ်၊ရ ခိုင်ပြည်နယ် အရေးတို့ကို အဓိက ထား ဆွေးနွေးမည်ဖြစ်ကြောင်း ကိုဂျင်မီကပြောသည်။

''လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စား လှယ်ဖြစ်တာကြောင့် ပြည်တွင်းက ဖြစ်ပွားနေတဲ့ လူ့ အခွင့် အရေး ဆိုင်ရာတွေ ဖြစ်နေတဲ့ ကချင်ပြည်နယ်နဲ ရခိုင်ပြည်နယ် အရေးတွေကို အဓိကဆွေးနွေး ပါမယ်''ဟု ပြော သည်။

ကုလသမဂ္ဂအနေနှင့် နိုင်ငံတစ် နိုင်ငံ၏အရေးကိစ္စရပ်များကို ကြားဝင်ဖြေရှင်း ပေးရသည့်အဖွဲ့ဖြစ်ခြင်း သာဖြစ် ကြောင်း၊ ကိုယ့်နိုင်ငံတွင်းမှပြဿနာကို မိမိတို့ကိုယ် တိုင်သာဖြေရှင်း ကြရမည်ဖြစ်ကြောင်း လည်း ယင်းက ဆက်လက်ပြောသည်။
ရခိုင်ပြည်နယ်ပဋိပက္ခ အရေး အတွက်ယင်း ဒေသသို့တစ်ရက်တာ သွားရောက်လေ့လာမှု စစ်ဆေးမှုများ လုပ် ဆောင်မည့် အပေါ် လုံလောက်သည့်အချိန် တစ်ခုမဟုတ်နိုင်ကြောင်းကိုဂျင်မီကပြော သည်။

''လောလောဆယ် လုပ်ပေးရမှာ က ရခိုင်ပြည်တွင်းမှာဒုက္ခရောက်နေကြ သူ တွေအားလုံး ကိုလုံခြုံ တည်ငြိမ်ရေး၊ စားဝတ် နေရေးဘယ်လိုဆောင်ရွက် မလဲ။ပြန်လည်ထူ ထောင်ရေး အတွက်ဘယ် လို ဆောင်ရွက် မလဲဆိုတာ တွေကို လုပ်ဖို့လိုမယ်''ဟုကိုဂျင်မီ က သူ၏တစ်ဦးတည်းအမြင်ကိုလည်းပြော သည်။

ကချင်ပြည်နယ် နှင့်ရခိုင် ပြည်နယ်ဒေသများသို့ ၈၈မျိုး ဆက်ကျောင်း သားများအဖွဲ့သည်သွားရောက် လေ့လာမှုများ ပြုခဲ့ပြီးလည်းဖြစ်သည်။
ယင်းနေ့တွင်ကင်တားနားအား ကိုမင်းကိုနိုင်၊ကိုကိုကြီး၊ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုပြုံးချိုနှင့် ကိုဂျင်မီ တို့က အဆိုပါ ရုံးတွင်သွားရောက်တွေ့ ဆုံကြမည် ဖြစ်ကာ ယင်းအဖွဲ့မှ မနီလာသိန်း၊မမီးမီး တို့နှင့်လည်း သီးသန့်တွေ့ ဆုံမည်ဟုသိ ရသည်။

0 comments "၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့နှင့် လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကွင်တားနားတို့ တွေ့မည်", Baca atau Masukkan Komentar

Post a Comment

လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D

Note: Only a member of this blog may post a comment.

Related Posts Plugin for WordPress, Blogger...