ရွှေတိဂုံစေတီရင်ပြင်တော်တစ်ဝိုက်တွင် ၀ိုင်ဖိုင်အခမဲ့သုံးနိုင်တော့မည်

 ဥာဏ်ဥာဏ် (မြစ်မခ)
ရွှေတိဂုံစေတီရင်ပြင်တော်တစ်ဝှိက်တွင် သြဂုတ်လလဆန်းမှ စ၍ ၀ါယာလက်/ဝိုင်ဖိုင်စနစ် အခမဲ့အသုံးပြုနိုင်တော့ မည် ဖြစ်ကြောင်းရွှေတိဂုံစေတီဂေါပကအဖွဲ့ရုံးက သိရသည်။
 
ဘုရားဖူးလာသူများ စေတီတော်ရင်ပြင်တွင် ဘုရားဖူးရင်းဝိုင်ဖိုင်အသုံးပြုစေရန်အတွက် ရည်ရွယ်တပ်ဆင်   ခြင်းဖြစ်သည်ဟုဂေါပကအဖွဲ့ရုံးမှ ဦးသန်းခိုင်က ဆိုသည်။
 
ဝိုင်ဖိုင်အသုံးပြုရာတွင် မိနစ် (၃၀)စာကဒ်များဖြင့်အခမဲ့အသုံးပြုနိုင်မည်ဖြစ်ကာ မိနစ် (၃၀)အချိန်ကုန်ပါက နောက်ထပ် ကဒ်ထပ်ယူနိုင်ကြောင်းကိုလည်း သိရှိရသည်။
 
ဝိုင်ဖိုင်ကို Password ပေးထားမှာဖြစ်တယ်။ အသုံးပြုသူတွေကတော့အချိန်မရွေးအသုံးပြုနိုင်ရန်အတွက်အသုံးပြု ခွင့်ကဒ်ထုတ်ပေးမှာဖြစ်တယ်။ဟု  ဦးသန်းခိုင်က ပြောသည်။
 
စေတီတော် စတင်ဖွင့်ချိန်မှ ပိတ်ချိန်အထိ အချိန်မရွေးအသုံးပြုနိုင်ရန်ဖြစ်ကာလတ်တလောတွင်စမ်းသပ်ကာလအဖြစ် လိုင်းတစ်လိုင်းသာဖွင့်ထားသော်လည်း နောင်တွင် စေတီတော်မုခ်အားလုံး၌ တပ်ဆင်နိုင်ရန်စီစဉ်ဆောင်ရွက်သွားမည်   ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
၎င်းဝါယာလက် စနစ်အား  ခရစ်စတယ်လ်ရှိုင်းကုမ္ပဏီမှ ရွှေတိဂုံစေတီတော်ဂေါပကရုံးသို့ လှူဒါန်းထားခြင်းဖြစ်သည်။
 
ရွှေတိဂုံစေတီတော်သို့ ဇူလိုင် ၁ ရက်မှစ၍ ၂၄ ရက်အထိ ဧည့်ဝင်ဦးရေ ၁၄၃၈၃ဦးရှိပြီး ထိုင်း၊ ဂျပန်၊ ကိုရီးယား၊ တရုတ်နှင့် မလေးရှားနိုင်ငံတို့မှအများဆုံးလာရာက် ကြည်ညိုလျက်ရှိပြီကြောင်းနှင့် လာမည့်ပွင့်လင်းကာလများတွင်း ဘုရားဖူးများ ပိုမိုဝင်ရောက်လာဖွယ်ရှိကြောင်းကိုလည်း သိရှိရသည်။

0 comments "ရွှေတိဂုံစေတီရင်ပြင်တော်တစ်ဝိုက်တွင် ၀ိုင်ဖိုင်အခမဲ့သုံးနိုင်တော့မည်", Baca atau Masukkan Komentar

Post a Comment

လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D

Note: Only a member of this blog may post a comment.

Related Posts Plugin for WordPress, Blogger...