ကမ္ဘာ့ အကြီးဆုံး ငွေကြေး အဖွဲ့အစည်းဖြစ်တဲ့ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၈၅ သန်း အကူအညီပေး

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေကို အသိအမှတ် ပြုတဲ့ အနေနဲ့ ကမ္ဘာ့ အကြီးဆုံး ငွေကြေး အဖွဲ့အစည်းဖြစ်တဲ့ ကမ္ဘာ့ဘဏ်က
မြန်မာနိုင်ငံ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၈၅ သန်း အကူအညီပေးမယ်လို့ ဒီကနေ့ ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ Chatrium ဟော်တယ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကမ္ဘာ့ဘဏ် ရဲ့ အရှေ့အာရှ နဲ့ ပစိဖိတ်ဒေသ ဆိုင်ရာ ဒု ဥက္ကဋ္ဌ မစ္စ Pamela Cox က အခုလို ပြောလိုက်တာပါ။

ဒီ အကူအညီဟာ စာသင်ကျောင်းတွေ၊ လမ်းတွေနဲ့ ရေရရှိရေး ကဏ္ဍတွေ၊ ဒါမှမဟုတ် အောက်ခြေလူ
ထုအတွက် လိုအပ်တဲ့ တခြားစီမံကိန်းတွေမှာ အသုံးပြုဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံဟာ စစ်အစိုးရကနေ ဒီမိုကရေစီ အစိုးရ ဖြစ်လာတာ၊ ပဋိပက္ခ
ဖြစ်နေတာကနေ ငြိမ်းချမ်းရေး ဘက်ကို ဦးတည်လာတာ၊ တံခါးပိတ် စီးပွားရေးစနစ်ကနေ တံခါးဖွင့် စီးပွားရေးစနစ် ကျင့်သုံးလာတာ တွေကြောင့် ကမ္ဘာ့ဘဏ် အနေနဲ့ မြန်မာနိုင်ငံနဲ့ ပြန်လည် ဆက်ဆံလာတာ ဖြစ်တယ်လို့ မစ္စ Pamela Cox က ပြောပါတယ်။

ဒီ သတင်းစာရှင်းလင်းပွဲမှာ- မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာဘဏ်ကနေ အရင်က ချေးယူခဲ့တဲ့ ဒေါ်လာ သန်း ၄ ရာနီးပါးကို ပြန်လည်ပေးဆပ်နိုင်ဖို့ အတွက် နောက်ထပ် ဘဏ္ဍာရေးဆိုင်ရာ ပြုပြင် ပြောင်းလဲရေး ချေးငွေတွေ ထုတ်ပေးမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ၁၉၈၈ ခုနှစ်
နောက်ပိုင်းမှာ ကမ္ဘာ့ဘဏ်က ငွေကြေး အကူအညီတွေ ဖြတ်တောက်ခဲ့
ပါတယ်။
RFA  

0 comments "ကမ္ဘာ့ အကြီးဆုံး ငွေကြေး အဖွဲ့အစည်းဖြစ်တဲ့ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၈၅ သန်း အကူအညီပေး", Baca atau Masukkan Komentar

Post a Comment

လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D

Note: Only a member of this blog may post a comment.

Related Posts Plugin for WordPress, Blogger...