“ တိပိဋကစုဆန်းလီစာသင်တိုက် လွှဲအပ်လှူဒါန်းပွဲနှင့် ၀ါဆိုသင်္ကန်းကပ်လှူပွဲကျင်းပ”

ထိုင်ဝမ်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘန္ဒန္တသုဘန(ခ) စုဆန်းလီဆရာတော်နှင့် တပည့်ဒါယကာ၊ဒါယိကာမများက မင်္ဂလာဒုံမြို့နယ် ၊ ပုလဲမြို့သစ်၊ရွှေနံ့သာရပ်ကွက်ရှိ ထိုင်ဝမ်စုဆန်းလီကျောင်းတိုက်အား တိပိဋကဓမ္မဘဏ္ဍာဂါရိက အရှင်က္ကုန္ဒပါလဆရာတော်ထံ လွှဲအပ်လှူဒါန်းပွဲကို သြဂုတ်လ ၂ရက်နေ့ နံနက် ၉နာရီ၃၀ မိနစ်တွင် ပြုလုပ်ခဲ့သည်။

ကျောင်းတိုက်ကို တိပိဋကစာသင်တိုက်ဖွင့်၍ အဆင့်မြင့်သာသနာပြုနိုင်ရန်ရည်ရွယ်လှူဒါန်းခြင်းဖြစ်ကြောင်းထုတ်ပြန်
ချက်အရသိရသည်။

အဆိုပါအခမ်းအနားနှင့်အတူ ကျောင်းတိုက်ဖွင့်လှစ်ခြင်း၊ ဗုဒ္ဓရုပ်ပွားဆင်းတုတော်အား ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းတို့ပြုလုပ်ခဲ့ကြပြီး နိုင်ငံတော်သံဃနာယက ဥက္ကဌ ဗန်းမော်ဆရာတော်ကြီးအမှုးပြုသော သံဃာတော်များနှင့် ကျောင်းတိုက်တွင်ဝါဆိုဝါကပ်ကြမည့် စာသင်သားသံဃာငါးပါး၊ ပင့်သံဃာ အပါးတစ်ရာတို့အား ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့သည်။

ယင်းနောက်သံဃာတော်များအားဆွမ်းဆက်ကပ်လှူဒါန်းကာ ဧည့်ပရိသတ်များအား နေ့လည်စာကျွေးမွေးခဲ့ကြောင်းသိရသည်။

လိုအပ်တာများရှိခဲ့ရင်လည်းအကြံဥာဏ်များကို comment box မှာပေးခဲ့လို့ရပါတယ်။သူငယ်ချင်းတို့ရဲ့ comment လေးတစ်ကြောင်းဟာ ကျွန်တော်အတွက်နောက်ထပ်ပို့စ်တစ်ခုထပ်တင်ဖို့အားဆေးတစ်ခွက်ဆိုလည်းမမှားဘူးပေါ့ဗျာ :D  

0 comments "“ တိပိဋကစုဆန်းလီစာသင်တိုက် လွှဲအပ်လှူဒါန်းပွဲနှင့် ၀ါဆိုသင်္ကန်းကပ်လှူပွဲကျင်းပ”", Baca atau Masukkan Komentar

Post a Comment

လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D

Note: Only a member of this blog may post a comment.

Related Posts Plugin for WordPress, Blogger...