စက်ဘီးဖြင့် ကမ္ဘာပါတ်နေသူ နီပေါနိုင်ငံသား မြန်မာပြည်သို့ ရောက်ရှိ

ရန်ကုန်၊ သြဂုတ် ၂

နီပေါ နိုင်ငံသားတစ်ဦး ဖြစ်သူ saurab သည်စက်ဘီးစီးပြီး ကမ္ဘာပါတ်နေကာ သဘာဝ ပါတ်ဝန်းကျင် ကာကွယ် ထိန်းသိမ်းရေးနှင့် ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်နေသူဖြစ်သည်။

နိုင်ငံပေါင်း လေးဆယ့်ကိုး နိုင်ငံ ကို စက်ဘီးတစ်စီးဖြင့် ပတ်ခဲ့ပြီး ဖြစ်ပြီး မြန်မာနိုင်ငံ မှာ နိုင်ငံငါးဆယ်မြောက် ခရီးထွက်သည့် နိုင်ငံ ဖြစ်သည်။ ရှေ့ဆက်ပြီးလည်း
ဂျာမနီနှင့် ဥရောပ နိုင်ငံများသို့
ဆက်လက် ခရီးဆက်ဦးမည်ဖြစ်ပြီး သူ၏ခရီးစဉ် အတွက်
ထောက်ပံပေးထားသူ မရှိကြောင်း ၊ လူမှု အဖွဲ့ အစည်း တစ်ခုဖြစ်သည့် Lion Club Cycle Association နှင့် နီပေါ နိုင်ငံသံရုံး၊ နီပေါနိုင်ငံ လူမှုအဖွဲ့ အစည်းများ၊ နိုင်ငံသားများက ထောက်ပံ့ပေးကြောင်း၊ ခရီးစဉ် အစတွင်မူ ဆင့်ရှစ်ဆယ်သာ သူ့ထံတွင်ရှိကြောင်း မြန်မာနိုင်ငံအခြေစိုက်
နီပေါသံရုံးမှတာဝန်ရှိသူ များမှတဆင့် မေးမြန်းသိရှိရသည်။

"လူသားအားလုံး စက်ဘီးစီးခြင်းသည်ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ ကြောင့် အိုဇုန်းလွှာ ပေါက်ခြင်းမှ ကာကွယ်ပေးနိုင်တယ် လူသားများလည်း ကျန်းမာရေးကောင်းမွန်ပြီးအသက်ရှည်၊ အနာမဲ့စွာနေထိုင် နိုင်ပါတယ်။Traffic Jump လည်းမဖြစ်နိုင်တဲ့အပြင် ငွေပိုစုဆောင်းမိနိုင်ပါတယ်။ဒါ့ပြင် ကမ္ဘာကြီးရဲ့ဘယ်နေရာမှာနေနေ၊ဘယ်ဘာသာကိုပဲ ကိုးကွယ်ကိုးကွယ် တစ်ခုတည်းသော ကောင်းကင်အောက်မှာနေကြတဲ့
အတွက် လူသားတိုင်းနဲ့ ငြိမ်းချမ်းစွာ အတူနေထိုင်သွားကြ ရပါမယ် "ဟု
နီပေါနိုင်ငံသား Saurab ကဆိုသည်။

လိုအပ်တာများရှိခဲ့ရင်လည်းအကြံဥာဏ်များကို comment box မှာပေးခဲ့လို့ရပါတယ်။သူငယ်ချင်းတို့ရဲ့ comment လေးတစ်ကြောင်းဟာ ကျွန်တော်အတွက်နောက်ထပ်ပို့စ်တစ်ခုထပ်တင်ဖို့အားဆေးတစ်ခွက်ဆိုလည်းမမှားဘူးပေါ့ဗျာ :D 

0 comments "စက်ဘီးဖြင့် ကမ္ဘာပါတ်နေသူ နီပေါနိုင်ငံသား မြန်မာပြည်သို့ ရောက်ရှိ", Baca atau Masukkan Komentar

Post a Comment

လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D

Note: Only a member of this blog may post a comment.

Related Posts Plugin for WordPress, Blogger...