လတ်တလော ဂီတလောကအကြောင်းတွေနဲ့ ဂီတအစည်းအရုံးရဲ့ ဖြစ်စဉ်တွေကို
ပြည်ပမှာရောက်ရှိနေကြပေမယ့် အွန်လိုင်းကနေဂီတသတင်းတွေ အမြဲနားစွင့်နေတဲ့
မီမီဝင်းဖေနဲ့ နီနီဝင်းရွှေတို့ရဲ့ အ
ားပေးပြောကြားတဲ့စကားသံတွေကတော့ . . .
"မီမီဝင်းဖေ"
‘အနုပညာကိုဖန်တီးကြမယ့် လူငယ်တွေအနေနဲ့ ရိုးရိုး ရဲရဲတင်းတင်း လွတ်လွတ် လပ်လပ်နဲ့ ကိုယ်ယုံကြည်ရာကို ဖန်တီး ကြဖို့အကြံပေး ချင်ပါတယ်။ ဂီတလောကရဲ့ လက်ရှိ ပြဿနာတွေကို မမီ စိတ်ဝင်တစားနဲ့ လက်လှမ်း မီသလောက် ရှာဖတ်ပါတယ်။ ဒီမှာ လာဖျော်ဖြေနေတဲ့ အဆိုတော်တွေကိုလည်း မေးကြည့်ပါတယ်။ အသေး စိတ် ကိုတော့ မသိရပါဘူး။ မမီ နားလည်သလောက်ကတော့ ဂီတလောကရဲ့ ဆုတ်ယုတ်မူက တော်တော်လေး ဆိုးရွားနေပါတယ်။ ဒီကြားထဲက ပဲအသစ်ဖန်တီးကြိုးစား မှုတွေ မြင်နေရတာချီးကျူးစရာပါ။ဂိံတလောကရဲ့ ပြဿနာတွေကနှစ်တွေလည်းတော် တော်ကြာခဲ့ပြီဆိုတော့ ကောင်းနိုး ကောင်းနိုးနဲ့ အားတင်းထားရင်း မောနေကြပါပြီ။ နောက်လူငယ်တွေ အနေနဲ့ ကိုယ်တိုင် ရင်ဆိုင် ကြိုးစားပြီး လောကကောင်းဖို့ သိပ်ဆန္ဒ ပြင်းပြနေကြပါပြီ။ အားလုံး နားလည်မူတွေ ရပြီး ကိုယ့်လောက ကောင်း ကျိုးကို အဓိက ဆောင်ရွက်နို င်ကြဖို့ယုံကြည်မျှော်လင့်ပါတယ်’
"နီနီဝင်းရွှေ"
‘အွန်လိုင်းကနေ နည်းနည်းပါးပါးတော့ တွေ့ရတာတွေကိုသိတယ်။ ဟိုတလောက ဂီတ အစည်းအရုံး နဲ့ပတ်သက်ပြီး အဖွဲ့အစည်း အသစ်ပြောင်းတဲ့ အပေါ်မှာ အမြင်လေးမေးတယ်။ မနီက မသိတာတော်တော် ကြာပါပြီ။ အလှမ်းဝေးနေတာလည်းပါပါတယ်။ အွန်လိုင်းမှာ သူငယ်ချင်းတွေ တင်တာတော့ တွေ့ရတယ်။ သမီးရဲ့ကျောင်း ကိစ္စနဲ့ သူ့ကို လုပ်ပေးနေ ရတာတော့ အွန်လိုင်းလည်း သိပ်မတက်ဖြစ်ပါဘူး။အခုလက်ရှိ ရုပ်ရှင် အစည်းအရုံး ပြောင်းတာလည်း မနီသိလိုက်တယ်။ ဂီတကလည်းပြောင်း တယ်။ မနီအနေနဲ့ ပြောရရင် ဂီတနဲ့ ပတ်သက်ပြီး လုပ်နေတဲ့ သူတွေရော၊ အတီးဘက်၊ ထုတ်လုပ်သူ၊ ဖြန့်ချိရေး အကုန်လုံး တကယ်ကို ကောင်း မွန်အောင် ဆောင်ရွက်နိုင်တဲ့ ကြိုးကြိုးစားစား လုပ်ပေးနိုင်တဲ့သူ၊ တကယ်ကို ဂီတနဲ့ ပတ်သက်ပြီးတိုးတက်အောင် လုပ်နိုင်တဲ့သူ ဖြစ်ရင်တော့ ကောင်းပါ တယ်။ မနီအိမ်မှာ လည်း အနုပညာသမားတွေ လာကြရင် တည်းကြတာ များပါတယ်။ အားလုံးက ခိုးကူးတွေနဲ့အလုပ်မဖြစ်တော့ အခွေမထွက်နိုင် ကြဘူး။ အခွေထုတ်ရင်လည်း အဆင်မပြေ ဘူးလို့ ပြောကြတယ်။
ပေါ်ပြူလာအဖွဲ့

0 comments ""ဂီတအစည်းအရုံးရဲ့လတ်တလော အခြေအနေနဲ့ အဝေးရောက် ဂီတ ပညာရှင်နှစ်ဦးရဲ့အမြင်"", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.