ဒီဂျစ်တယ် လျှပ်စစ်မီတာပုံး တန်ဘိုးတွေကို ပြည်သူတွေဆီက မကောက်ခံ တော့

လက်ရှိ ပြောင်းလဲ တပ်ဆင်နေတဲ့ ဒီဂျစ်တယ် လျှပ်စစ်မီတာပုံး တန်ဘိုးတွေကို ပြည်သူတွေဆီက မကောက်ခံ တော့ပဲ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနကပဲ ကျခံတော့မယ်လို့ ၀န်ကြီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြား လိုက်ပါတယ်။

အရင်က ပြည်သူတွေဆီကနေ ကောက်ခံဖို့ ရည်ရွယ်ထားပေမယ့် ဈေးနှုန်းကြီးမြင့်မှုအပေါ် ဝေဖန်မှုတွေကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီးတဲ့နောက်ပိုင်း အခုလို ထုတ်ဖော်ပြောကြားလိုက်တာလဲဖြစ်ပ
ါတယ်။

မြန်မာ့စီးပွားရေး ဦ
းပိုင်လီမိတက်ပိုင် စက်ရုံက ထုတ်လုပ်တဲ့ ဒီဂျစ်တယ်မီတာတွေကို ပထမနှစ်အတွက် တစ်လုံး ကျပ် ၈ သောင်းနှုန်းနဲ့ အလုံရေး တစ်သိန်း ၀ယ်ယူဖို့ ရှိတယ်လို့ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနကတာဝန်ရှိ သူတွေက ပြောပါတယ်။ ဒါကြောင့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနကနေ ဦးပိုင်ကုမ္ပဏီကို ကျပ်ငွေ ၈ ဘီလျံလောက် ပေးချေဖို့ ရှိနေတယ်လို့လည်း အဲ့ဒီအရာရှိကြီးကဆိုပါတယ်။

ဒီဂျစ်တယ် မီတာတွေဟာ ထိုင်းနိုင်ငံလုပ်တွေဆိုရင် ကျပ်ငွေ ၅ သောင်းအောက်သာ တန်ကြေးရှိတာကြောင့် တနိုင်ငံလုံးမှာ မီတာ အလုံးရေ ၂ သန်းခွဲနီးပါးရှိနေတဲ့အတွက် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနအနေနဲ့ ကျပ်ငွေ ဘီလျှံပေါင်းများစွာ နစ်နာနိုင်မယ့် အခြေအနေမျိုးတွေဖြစ်နေတယ် လို့လည်း စီးပွားရေးလုပ်ငန်းရှင် အသိုင်းအ၀ိုင်းက ဝေဖန်ကြတာမျိုးတွေလည်းရှိနေပါတယ်။

လိုအပ်တာများရှိခဲ့ရင်လည်းအကြံဥာဏ်များကို comment box မှာပေးခဲ့လို့ရပါတယ်။သူငယ်ချင်းတို့ရဲ့ comment လေးတစ်ကြောင်းဟာ ကျွန်တော်အတွက်နောက်ထပ်ပို့စ်တစ်ခုထပ်တင်ဖို့အားဆေးတစ်ခွက်ဆိုလည်းမမှားဘူးပေါ့ဗျာ :D 

0 comments "ဒီဂျစ်တယ် လျှပ်စစ်မီတာပုံး တန်ဘိုးတွေကို ပြည်သူတွေဆီက မကောက်ခံ တော့", Baca atau Masukkan Komentar

Post a Comment

လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D

Note: Only a member of this blog may post a comment.

Related Posts Plugin for WordPress, Blogger...