ရန်ကုန်၊ သြဂုတ် -၎
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် အရစ်ကျစနစ်ဖြင့် မိုဘိုင်းဖုန်း ၀ယ်ယူထားကြသည့် အစိုးရ၀န်ထမ်းများအတွက် လစဉ် ငွေသွင်းရမည့်ပုံစံကို သြဂုတ်လကုန်မှစ၍ ပြောင်းလဲလိုက်ပြီဖြစ်သည်။
မိုဘိုင်းဖုန်းများကို အရစ်ကျစနစ်ဖြင့် ၀ယ်ယူထားသည့် အစိုးရ၀န်ထမ်းများကို တစ်လလျှင် ကျပ်လေးသောင်းနှုန်းဖြင့် ငါးလတိတိပေးသွင်းရမည်ဟု ယခင်က သတ်မှတ်ထားရာ

မှ လာမည့် သြဂုတ်လကုန်မှစ၍
ကျပ်နှစ်သိန်းတန် ဂျီအက်စ်အမ်ဖုန်းများကို လစာကျပ်တစ်သိန်းအထက် ရရှိသော
ဝန်ထမ်းများက တစ်လလျှင် ၁၅,၀၀၀ ကျပ်ပေးသွင်းရမည်ဖြစ်ပြီး၊
လစာကျပ်တစ်သိန်းအောက် ရရှိသည့်ဝန်ထမ်းများက တစ်လ ကျပ် ၁၀,၀၀၀
ပေးသွင်းရမည်ဟု ပြင်ဆင်သတ်မှတ်ပေးခဲ့သည်။
ထို့အပြင် ယခင် တစ်လလျှင် ကျပ် ၅၀,၀၀၀ ဖြင့် ငါးလအရစ်ကျ ရောင်းချပေးခဲ့သည့် ကျပ်နှစ်သိန်းငါးသောင်းတန် ဒဗလျူစီဒီအမ်အေဖုန်းများသည်လည်း အစိုးရ၀န်ထမ်းများ၏ ရရှိသောလစာပေါ်မူတည်ပြီး ကျပ်တစ်သောင်း (သို့မဟုတ်) ကျပ်တစ်သောင်းငါးထောင် လစဉ်ပေးသွင်းရတော့မည်ဖြစ်သည်။
နိုင်ငံ့ဝန်ထမ်းများအတွက် အရစ်ကျစနစ်ဖြင့် ဂျီအက်စ်အမ်နှင့် ဒဗလျူစီဒီအမ်အေရောင်းချမှုကို ဇွန်လနှင့် ဇူလိုင်လတို့တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ထို့အပြင် ယခင် တစ်လလျှင် ကျပ် ၅၀,၀၀၀ ဖြင့် ငါးလအရစ်ကျ ရောင်းချပေးခဲ့သည့် ကျပ်နှစ်သိန်းငါးသောင်းတန် ဒဗလျူစီဒီအမ်အေဖုန်းများသည်လည်း
နိုင်ငံ့ဝန်ထမ်းများအတွက် အရစ်ကျစနစ်ဖြင့် ဂျီအက်စ်အမ်နှင့် ဒဗလျူစီဒီအမ်အေရောင်းချမှုကို ဇွန်လနှင့် ဇူလိုင်လတို့တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
0 comments "အစိုးရ၀န်ထမ်းများအတွက် အရစ်ကျဖုန်း ငွေသွင်းရသောပုံစံပြောင်းလဲ", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.