ဒီချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေ စိုးမိုးရေး ကော်မတီတွင် ဥက္ကဌအဖြစ်တာဝန်ယူရမည်

မောင်ပိုင် (နေပြည်တော်)
==============================
==========
ပြည်သူ့လွှတ်တော်တွင် တိုးချဲ့ ဖွဲ့စည်းမည့် တရားဥပဒေ စိုးမိုးရေး ကော်မတီတွင် ဒီချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်အား ဥက္ကဌနေရာတွင် ခန့်အပ်တာဝန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုးချဲ့ဖွဲ့စည်းမည့် ကော်မတီအား
ယနေ့ စတုတ္ထ အကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ၂၁ ရက်မြောက်နေ့တွင် အစီအစဉ်နံပတ် ၆,၇,၈ တို့တွင် ပါဝင်ပြီး အဆိုပါကော်မတီအား တာဝန်ပေး အပ်ခြင်း တိုးချဲ့ဖွဲ့စည်းခြင်း တို့အပါအ၀င် အမည် စာရင်းများနှင့် အဆိုပါကော်မတီ၏ လုပ်ပိုင်ခွင့်ရပိုင်ခွင့် သက်တမ်းတို့ကိုပါ လွှတ်တော်၏ အဆုံးအဖြတ် ရယူသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုးချဲ့ကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည်အား ဥက္ကဌ နေရာတွင် တာဝန်ပေးအပ်သွားမည် ဖြစ်သည်။

0 comments "ဒီချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေ စိုးမိုးရေး ကော်မတီတွင် ဥက္ကဌအဖြစ်တာဝန်ယူရမည်", Baca atau Masukkan Komentar

Post a Comment

လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D

Note: Only a member of this blog may post a comment.

Related Posts Plugin for WordPress, Blogger...