သြဂုတ် (၇)
သြဂုတ် ၂ ရက်ကစ၍ မိုးသည်း ထန်စွာ ရွာသွန်း ခဲ့သော ကြောင့် ရန်ကုန်မြစ် အတွင်း ရေလျှံချိန် နှင့် ဒီရေတက် ချိန်များ ၌ရေများ ဆန်တက် လာကာ ကားလမ

်းမ ကြီးပေါ် အထိ ရောက်လာ ခဲ့သည်။
ရန်ကုန်မြစ် နှင့် ကပ်လျက် ရှိသော ကမ်းနားလမ်း တစ်လျှောက် ယာဉ်သွား လမ်းမ ကြီးပေါ်သို့ မြစ်ရေများ တိုးဝင် လာပြီး ကြည့်မြင်တိုင် မြို့နယ်၊ အလုံ မြို့နယ်၊ လမ်းမတော် မြို့နယ်၊ လသာ မြို့နယ်၊ ပန်းဘဲတန်း မြို့နယ်တို့မှ အနိမ့်ပိုင်း ရပ်ကွက်များ၊ လမ်းများ အတွင်းသို့ ရောက်ရှိ လာခဲ့သည်။
ထို့ပြင် သြဂုတ် ၄ ရက် ညနေ ၅ နာရီ ခန့်က ကြည့်မြင်တိုင် မြို့နယ် ထီးတန်း စက်မြေ ရပ်ကွက် နှင့် ဆေးရိုးတန်း ငြိမ်းချမ်းရေး ရပ်ကွက် အကြား ပန်းလှိုင် အောက် လမ်းမကြီး အတွင်းသို့ မြစ်ရေ များ ဝင်လာ ခဲ့သဖြင့် လမ်းသွား လမ်းလာ များ ဒူးဆစ် အထိပင် ရေများ နစ်မြုပ် ခဲ့ပြီး အချို့ အိမ်များ အတွင်း သို့ပင် မြစ်ရေများ စီးဝင် ခဲ့ကြောင်း သိရှိ ရသည်။

0 comments "မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်မြစ်ရေပြည့်လျှံ အနိမ့်ပိုင်းနေရာအချို့ မြစ်ရေများဝင်", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.