နေပြည်တော်၊သြဂုတ်-၇
ရေးရာကော်မတီများသည် လွှတ်တော်တွင်းမှ လွှတ်တော်အငယ်လေးများဖြစ်ကြပြီး ကော်မတီများ၏ စွမ်းဆောင်အား မြင့်မားမှုအပေါ်မူတည်၍
လွှတ်တော်၏ တာဝန်ဖြစ်သည့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏
အကျိုးစီးပွားအတွက် ဖော်ဆောင်နိုင်မည်ဖြစ်သည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ
သူရဦးရွှေမန်းက ယနေ့ပြောကြားသည်။
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လွှတ်တော်အတွင်း၌ မေးခွန်းများ အဆိုများ ဥပဒေကြမ်းများ ဆွေးနွေးတင်ပြရုံမျှဖြင့် လွှတ်တော်လုပ်ငန်း
တာဝန်များကျေပွန်ပြီဟု မှတ်ယူ၍ မရကြောင်း ဥက္ကဋ္ဌကပြောကြားသည်။ “ကော်မတီအသီးသီးနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းများ ဆက်နွှယ်
ဆက်စပ်သည့် အဖွဲ့အစည်းများအချင်းချင်းအပြန် အလှန်
ထိန်ုးညှိကူညီဆောင်ရွက်မှုများ ပါဝင်မှသာလျင် လွှတ်တော်ရဲ့
လုပ်ငန်းတာဝန်များ ကျေပွန်စွာ ဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်”ဟု
သူရဦးရွှေမန်းကပြောကြားသည်။ သူရဦးရွှေမန်းက သြဂုတ်(၇) ရက်တွင် ကျင်းပသည့်
ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့တွင်
ကိုယ်စားလှယ်များအား မှတ်ချက်ပြုပြောကြားရာ၌ အထက်ပါအတိုင်း
ပြောကြားသွားခြင်းဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင
တာဝန်များကျေပွန်ပြီဟု မှတ်ယူ၍ မရကြောင်း ဥက္ကဋ္ဌကပြောကြားသည်။ “ကော်မတီအသီးသီးနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းများ ဆက်နွှယ်
ဆက်စပ်သည့် အဖွဲ့အစည်းများအချင်းချင်းအပြန်
0 comments "ရေးရာကော်မတီများမှာ လွှတ်တော်ငယ်များဖြစ်ကြောင်း သူရဦးရွှေမန်းပြောကြား", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.