ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အန္ဒိယ နိုင်ငံသို့ ယနေ့ သွား

Wednesday, August 01, 2012 အိမ့်သံစဉ် No comments


ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (ဓာတ်ပုံ - Getty Images)


ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ အန္ဒိယနိုင်ငံကို ချစ်ကြည်ရေး ခရီးအဖြစ် အထူး လေယာဉ်နဲ့ နေပြည်တော်က ဒီကနေ့ သြဂုတ်လ ၁ ရက်နေ့ နေ့လယ်ပိုင်းက ထွက်ခွာသွားပါတယ်။

အန္ဒိယနိုင်ငံက ဖိတ်ကြားမှုကြောင့် အန္ဒိယနိုင်ငံကို သွားမယ့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို နေပြည်တော် လေဆိပ်မှာတော့ ကြည်း၊ ရေ၊ လေ တပ်မတော် အရာရှိကြီးတွေက ခမ်းခမ်းနားနား လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

အခုခရီးစဉ်ဟာ ဘယ်နှစ်ရက်ကြာမယ်ဆိုတာနဲ့ အန္ဒိယကို ဘာကိစ္စ သွားတယ်ဆိုတာကိုတော့ နိုင်ငံပိုင် သတင်းရုပ်သံတခုဖြစ်တဲ့ MRTV 4 မှာ ဖော်ပြမသွားခဲ့ပါဘူး။

0 comments "ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အန္ဒိယ နိုင်ငံသို့ ယနေ့ သွား", Baca atau Masukkan Komentar

Post a Comment

လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D

Note: Only a member of this blog may post a comment.

Related Posts Plugin for WordPress, Blogger...