မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုက ချမှတ်ထားတဲ့ သွင်းကုန် ပိတ်ဆို့ ပြစ်ဒါဏ်ကို တနှစ်သက် တမ်းတိုး

မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုက ချမှတ်ထားတဲ့ သွင်းကုန် ပိတ်ဆို့ ပြစ်ဒါဏ်ကို တနှစ်သက် တမ်းတိုးဖို့ အမေရိကန် လွှတ်တော်က မနေ့ကအတည်ပြုလိုက်ပါတယ်။

အမေရိကန်အထက်လွှတ်တော်နဲ့ အာက်လွှတ်တော် နှစ်ရပ်လုံးက ကန့်ကွက်မဲမရှိ သဘောတူ ချမှတ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ နောက်ထပ် လုပ်ဆောင်စရာတွေ အများကြီးကျန်ရှိ နေသေးတဲ့ အတွက်၊ သွင်းကုန် ပိတ်ဆို့ပြစ်ဒါဏ်ကို ဆက်လက်ထားရှိတာဖြစ်ကြောင်း အမေရိကန် လွှတ်တော်အမတ်တွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့လ ကတော့ ရင်းနှီးမြှ
ုပ်နှံမှုနဲ့ ငွေကြေးဆိုင်ရာ ပိတ်ဆို့ အရေးယူမှုကို သမ္မတအိုဘားမား အစိုးရကပြန်လည် ရုတ်သိမ်းပေးခဲ့ ပါတယ်။

သွင်းကုန်ပိတ်ဆို့ ပြစ်ဒါဏ်ကို ၂၀၀၃ ခုနှစ်က စတင်ပြဌာန်းထားခဲ့တာ
ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ ကျန်ရှိနေသေးတာ၊ ဖွဲ့စည်းပုံစည်းမျဉ်းမှာ ဒီမိုကရေစီနည်းလမ်း မကျတဲ့ အချက်တွေ ပါဝင်နေတာ၊ တိုင်းရင်းသား နယ်မြေတွေမှာ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေတာ၊ မြောက်ကိုရီးယားနဲ့ ဆက်ဆံနေတာ စတဲ့ အချက်တွေဟာ ဆက်လက်စိုးရိမ်ရဆဲ အချက်တွေဖြစ်တယ်လို့ သွင်းကုန်ပိတ်ဆို့ရေး အဆိုကို ဦးဆောင်ချမှတ်ခဲ့တဲ့ ရီပါပလစ်ကန် အမတ် Mitch McConnell က ပြောဆိုခဲ့ပါတယ်။

မနေ့က တင်သွင်းတဲ့ မူကြမ်းကို သမ္မတအိုဘားမား လက်မှတ်ရေးထိုး လိုက်ရင် ဥပဒေတစ်ရပ် အဖြစ် ရောက်ရှိမှာ ဖြစ်ပါတယ်။

လိုအပ်တာများရှိခဲ့ရင်လည်းအကြံဥာဏ်များကို comment box မှာပေးခဲ့လို့ရပါတယ်။သူငယ်ချင်းတို့ရဲ့ comment လေးတစ်ကြောင်းဟာ ကျွန်တော်အတွက်နောက်ထပ်ပို့စ်တစ်ခုထပ်တင်ဖို့အားဆေးတစ်ခွက်ဆိုလည်းမမှားဘူးပေါ့ဗျာ :D  

0 comments "မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုက ချမှတ်ထားတဲ့ သွင်းကုန် ပိတ်ဆို့ ပြစ်ဒါဏ်ကို တနှစ်သက် တမ်းတိုး", Baca atau Masukkan Komentar

Post a Comment

လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D

Note: Only a member of this blog may post a comment.

Related Posts Plugin for WordPress, Blogger...