မုံရွာစီးပွားရေးတက္ကသိုလ်အနောက်ဘက်တွင် ရိုက်နှက်မှုဖြစ်ပွား

မုံရွာ၊ သြဂုတ်- ၂

မုံရွာမြို့နယ်ဇလုပ်ကျေးရွာအနော
က်ပိုင်းနေထိုင်သူ မောင်အောင်ဆန်းဝင်းအားမုံရွာစီးပွားရေးတက္ကသိုလ် ပြင်ပအဆောင်နေ ကျောင်းသားအချို့က ယမန်နေ့ညပိုင်းက ၀ိုင်းဝန်းရိုက်နှက်ခဲ့မှုကြောင့် မကျေနပ်သော ဇလုပ်ကျေးရွာဆရာတော်များနှင့်ကျေးရွာသူကျေးရွာသား(၅၀)ခန့်သည် မုံရွာစီးပွားရေးတက္ကသိုလ်အနီး ပြင်ပဘော်ဒါဆောင်များတွင် ရိုက်နှက်သူများကို လိုက်လံရှာဖွေခဲ့ပြီး မုံရွာစီးပွားရေးတက္ကသိုလ်အနောက် ဘက်ရှိ အီကိ...
ုကင်းအမျိုးသားဘော်ဒါဆောင်အားဝိုင်းထားစဉ် မုံရွာမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ မုံရွာမြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများရောက်ရှိလာပြီး အခြေအနေအားလုံးထိန်းသိမ်းနိုင်ခဲ့ကြောင်းသတင်းရရှိသည်။

သြဂုတ် ၁ ရက် ည ၁၀ နာရီခွဲအချိန်ခန့်က မုံရွာစီးပွားရေးတက္ကသိုလ်အနောက်ဘက်ကျောက္ကာလမ်းမကြီးပေါ်တွင် ရိုက်နှက်မှုဖြစ်ပွား ခဲ့ခြင်းဖြစ်ကာ ကျောင်းသားများဝိုင်းဝန်းရိုက်နှက်မှုခံရသော မောင်အောင်ဆန်းဝင်းကတရားလိုပြုလုပ်တိုင်ကြားသဖြင့်မုံရွာမြို့နယ် အမှတ်(၂)ရဲတပ်ဖွဲ့စခန်းက (ပ)(၃၃၉/၂၀၁၂)ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၃၂၅)အရ အမှုဖွင့်၍ စုံစမ်းစစ်ဆေးလျက်ရှိသည်။
Ref:7Days News

လိုအပ်တာများရှိခဲ့ရင်လည်းအကြံဥာဏ်များကို comment box မှာပေးခဲ့လို့ရပါတယ်။သူငယ်ချင်းတို့ရဲ့ comment လေးတစ်ကြောင်းဟာ ကျွန်တော်အတွက်နောက်ထပ်ပို့စ်တစ်ခုထပ်တင်ဖို့အားဆေးတစ်ခွက်ဆိုလည်းမမှားဘူးပေါ့ဗျာ :D 

0 comments "မုံရွာစီးပွားရေးတက္ကသိုလ်အနောက်ဘက်တွင် ရိုက်နှက်မှုဖြစ်ပွား", Baca atau Masukkan Komentar

Post a Comment

လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D

Note: Only a member of this blog may post a comment.

Related Posts Plugin for WordPress, Blogger...