ပြည်သူ့လွှတ်တော်တွင်
အစီအစဉ် အမှတ်(၆)အရ သင်္ဃန်းကျွန်းမဲဆန္ဒနယ် မှ ဦးသိန်းညွှန့်က မကြာခင်က
ဖြစ်ပေါ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး၏ စက်ရုံအလုပ်ရုံတစ်ချို့ အပါအဝင်
အလုပ်သမားများ၏ လုပ်ငန်းခွင်ဆိုင်ရာ ဆန္ဒထုတ်ဖော်မှုများနှင့် ပတ်သက်၍
ဖြစ်ပွားရသော လက်ငင်းအကြောင်းအရင်းများနှင့် အရင်းခံ အကြောင်း အရင်းများကို
လေ့လာပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို မထိခိုက်စေဘဲ
အဖြေရှာရန်အတွက် အများကြည်ညိုလေးစားပြီး ယုံကြည်ရသော ပုဂိုလ်များ ပါဝင်သည့်
အလုပ်သမားဆန္ဒထုတ်ဖော်မှုများ နှင့် ပတ်သက်သည့်
စုံစမ်းရေးကော်မရှင်တစ်ရပ်ဖွဲ့စည်းရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ယနေ့ နံနက် ၁၀း၄၅ မှ စတင်ကာ တင်သွင်းခဲ့ကြောင်း သိရသည်။
ယင်းအဆိုတင်သွင်းခြင်းအား ၀င်ရောက်ဆွေးနွေးသူ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် များမှာ ဦးမြင့်သိန်း(မကွေး) ၊ ဦးခိုင်မောင်ရီ (အလုံ) ၊
နှင့် ဦးအောင်သိန်းလင်း (တောင်ဥက္ကလာ) မဲဆန္ဒနယ်တို့မှ
ဝင်ရောက်ဆွေးနွေးခဲ့ကြသည်။
ဝေမာသိမ့်
လိုအပ်တာများရှိခဲ့ရင်လည်းအကြံဥာဏ်များကို
comment box မှာပေးခဲ့လို့ရပါတယ်။သူငယ်ချင်းတို့ရဲ့ comment
လေးတစ်ကြောင်းဟာ
ကျွန်တော်အတွက်နောက်ထပ်ပို့စ်တစ်ခုထပ်တင်ဖို့အားဆေးတစ်ခွက်ဆိုလည်းမမှားဘူးပေါ့ဗျာ
:D
Artikel terkait :
0 comments "အလုပ်သမားများလုပ်ငန်းခွင်ဆိုင်ရာဆန္ဒထုတ်ဖော်မှုများနှင့်ပတ်သက်၍ ကိုယ်စားလှယ် ဦးသိန်းညွှန့် လွှတ်တော်တွင် အဆိုတင်သွင်း", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.