ယခုနှစ်
ဩဂုတ်လ အတွင်း ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်း
တစ်ကြိမ်ဖြစ်ပေါ် နိုင်ပြီး ပိုမိုအား ကောင်းလာ ကာ မုန်တိုင်းငယ် အဖြစ်
ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာနက
သတင်းထုတ်ပြန်သည်။ မိုးလေဝသ ပညာရှင် ဦးထွန်း လွင်က“ မြန်မာနိုင်ငံကိုတော့
မိုး ကြိုနဲ့မိုးလွန်ကာလတွေမှာ မုန်တိုင်း ဝင်တာများတယ်။ ဩဂုတ်လမှာ တော့
မုန်တိုင်းဖြစ်ဖို့ အလား အလာ နည်းပါတယ်။ ဖြစ်ချင်လည်းဖြစ် မှာပေါ့။
မြန်မာနိုင်ငံ ကိုတော့ ဝင်ဖို့ နည်းပါတယ်”ဟု Venus News Weekly သို့
ပြောကြား သည်။
မြန်မာနိုင်ငံနှင့် နီးစပ်သည့်
ဘင်္ဂလားပင်လယ်အော်တွင် နှစ်စဉ် မိုးကြိုနှင့် မိုးလွန်ကာလများတွင်
မုန်တိုင်းလေးလုံး ခန့်ဖြစ်ပွားလေ့ရှိ သော်လည်း ယခုနှစ်တွင် မုန်တိုင်း
တစ်လုံးမှဖြစ်ပွားခြင်း မရှိ သေးကြောင်းသိရသည်။ ယခုနှစ် မိုးကြို ကာလတွင်
မုန်တိုင်းဖြစ်ပွားခြင်း မရှိကြောင်း၊ ရာသီဥတုအပြောင်း အလဲကြောင့်
မိုးတွင်းကာလတွင် လည်း မုန်တိုင်း မဖြစ်နိုင်ကြောင်း၊ မိုးလွန်ကာလဖြစ်သည့်
အောက်တို ဘာ၊ နိုဝင်ဘာလများတွင် ဖြစ်ပေါ် နိုင်ကြောင်း ဦးထွန်းလွင်က အင်
တာဗျူးတစ်ခုတွင် ပြောကြားထား သည်။
မြန်မာနိုင်ငံသို့ ၂၀ဝ၆
ခုနှစ်မှ စတင်ကာ မုန်တိုင်းများ နှစ်စဉ် ဆက်တိုက်ဝင်ရောက်ခဲ့ပြီး ၂၀ဝ၈
ခုနှစ် မေလ ၂ ရက်နေ့တွင် ဖြစ်ပေါ် ခဲ့သော နာဂစ်မုန်တိုင်းကြောင့် လူဦးရေ
သုံးသိန်းခန့် သေဆုံးခဲ့ သည်။
လိုအပ်တာများရှိခဲ့ရင်လည်းအကြံဥာဏ်များကို
comment box မှာပေးခဲ့လို့ရပါတယ်။သူငယ်ချင်းတို့ရဲ့ comment
လေးတစ်ကြောင်းဟာ
ကျွန်တော်အတွက်နောက်ထပ်ပို့စ်တစ်ခုထပ်တင်ဖို့အားဆေးတစ်ခွက်ဆိုလည်းမမှားဘူးပေါ့ဗျာ
:D
Artikel terkait :
0 comments "ဩဂုတ်လအတွင်း မုန်တိုင်းငယ်တစ်လုံး ဖြစ်နိုင်ဟု မိုး/ဇလ ဆို", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.