"မန္တလေးမြို့က နှုတ်ခမ်းမွေးပါပါလေးအငြိမ့် အဖွဲ့ကိုအရင်ကထက် နိုင် ငံခြားသားတွေ ပိုမိုကြည့်ရှုလာကြောင်းသိရ"

မန္တလေးမြို့မှာအခြေစိုက်တဲ့လူရွှင်တော် နှုတ်ခမ်းမွေးပါပါလေးအငြိမ့်အဖွဲ့က အခုအခါ မှာ အရင်ကထက် နိုင်ငံခြားသားတွေလာရောက် ကြည့်ရှု တာပိုများလာတ
ယ်လို့ လူရွှင်တော်ပါပါလေး က ပြောပါတယ်။ "အခုတော့အရင်ကထက်နိုင်ငံခြားသားတွေ လာကြည့်တာပိုများလာတယ်။ အနီး အနားအာရှနိုင်ငံတွေကလူတွေပိုလာကြတယ်။ မန္တလေးကိုရောက် ပြီဆိုရင် နိုင်ငံခြား သားတွေက ပါပါလေးတို့နဲ့ လာတွေ့တယ်။ ပြီးရင်အငြိမ့်ကြည့်တယ်။ သူတို့သိချင်တာတွေ မေးကြတယ်။ အခုနိုင်ငံခြားသားတွေကို ဖွင့်ပေးထားတော့ လူပိုဝင်လာတဲ့ သဘောပေါ့"လို့ ပြောပါတယ်။နှုတ်ခမ်းမွေးပါပါလေး အငြိမ့်အဖွဲ့က မန္တလေးကို ရောက်ရှိလာတဲ့ နိုင်ငံခြားသားတွေကို အင်္ဂလိပ်လိုပြောပြီး အငြိမ့်ပြက်လုံး ပြက်ကြတာဖြစ်ပါတယ်။ ခေတ်ကလည်း ပြောင်းလာပြီဆိုတော့ ပြက်လုံးတွေကို ခေတ် ပြောင်းတာနဲ့အညီ အပြောင်းအလဲလုပ်ရ လားမေးတော့ "ပြက်လုံးတွေကတော့ သူတို့ အကြိုက်လိုက်ပြက်ရတာပေါ့။ အမြဲကြည့်နေတဲ့သူတွေက ရိုးပေမယ့် နိုင်ငံခြားသားတွေဆို တာ အမြဲမလာဘဲ ၃နှစ်လောက်နေမှ တစ်ခါပြန်လာတာဆိုတော့ သူတို့အတွက်ကတော့အသစ်ပါပဲ"လို့ ပြောပါတယ်။ နှုတ်ခမ်းမွေးပါပါလေးအငြိမ့်အဖွဲ့ဟာ နိုင်ငံခြားသားတစ်ဦး ကို ၈ဝဝဝကျပ်ဝင်ကြေးယူတယ်လို့ သိရပြီး သူတို့အငြိမ့်အဖွဲ့အနေနဲ့ ပြည်တွင်းမှာလည့် လည်ဖျော်ဖြေ ဖို့မရှိပေမယ့် သူတို့အဖွဲ့ရဲ့ဖျော်ဖြေမှုတွေကိုတော့ သူတို့ပရိသတ်တွေ က မျှော်လင့်နေတယ်လို့ လူရွှင်တော်ပါပါလေးကပြောပါတယ်။ ပါပါလေးဟာ အငြိမ့်လှည့်လည်မကဖြစ်ပေမယ့်စာပေ ဟောပြောပွဲတွေမှာ ဟောပြောဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။

နေကွန်းထင်

0 comments ""မန္တလေးမြို့က နှုတ်ခမ်းမွေးပါပါလေးအငြိမ့် အဖွဲ့ကိုအရင်ကထက် နိုင် ငံခြားသားတွေ ပိုမိုကြည့်ရှုလာကြောင်းသိရ"", Baca atau Masukkan Komentar

Post a Comment

လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D

Note: Only a member of this blog may post a comment.

Related Posts Plugin for WordPress, Blogger...