မကွေးတိုင်း
ချောက်မြို့နယ်အတွင်း စက်မှု ၀န်ကြီးဌာနလက်အောက်က အစွန်းချွတ် ဓါတုပစ္စည်း
ထုတ်လုပ်ရေး စက်ရုံတစ်ရုံမှာ မနေ့က ပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့တဲ့အတွက်
အနည်းဆုံး လူ (၆) ယောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
မနေ့က မွန်းလွဲ (၁ ) နာရီလောက်က ချောက်မြို့ နဲ့ (၃) မိုင်လောက် အကွာ၊ ဇီးချိုပင် နဲ့ ရေတွင်းကျေးရွာ ကြား မှာရှိတဲ့  ဟိုက်ဒရိုဂျင် ပါရောက်ဆိုဒ် စက်ရုံမှာ ပြင်းထန်တဲ့ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။
ဟိုက်ဒရိုဂျင်ပါဝင်တဲ့ ဓါတုဖျော်ရည် သိုလှောင်ရုံ ရဲ့ ဒုတိယအဆင့်ကနေ အက်ဆစ်လိ

ု ဓါတုဖျော်ရည်တွေ ပန်းထွက်ခဲ့ရာက စတင် ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။
ပေါက်ကွဲမှုကြောင့် စက်ရုံ ပြူတင်းပေါက်တွေ ပျက်စီးသွားခဲ့ပြီး စက်ရုံအရာရှိ တစ်ဦး အပါအ၀င် စက်ရုံ ၀န်ထမ်း (၅) ဦး နဲ့ မီးသတ်သမား တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ပြည်တွင်းကလာတဲ့ သတင်းတစ်ရပ် အဆိုအရ ဒဏ်ရာရသူတွေ တချို့ဟာ ဓါတုဖျော်ရည် လောင်ကျွမ်းခံခဲ့ရပြီး၊ ချောက် ဆေးရုံ ကို (၃)ယောက်၊
ကျောက်ပန်းတောင်းဆေးရုံကို (၂)ယောက် ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမှု ဖြစ်ပွားပြီး မီးလောင်ကျွမ်းခဲ့တဲ့ စက်ရုံကို မီးငြိမ်းသတ်ခဲ့ရာမှာ ညနေ (၆) နာရီလောက်မှာ မီးငြိမ်း သွားခဲ့တယ်လို့ သိရပါတယ်။

လိုအပ်တာများရှိခဲ့ရင်လည်းအကြံဥာဏ်များကို
comment box မှာပေးခဲ့လို့ရပါတယ်။သူငယ်ချင်းတို့ရဲ့ comment
လေးတစ်ကြောင်းဟာ
ကျွန်တော်အတွက်နောက်ထပ်ပို့စ်တစ်ခုထပ်တင်ဖို့အားဆေးတစ်ခွက်ဆိုလည်းမမှားဘူးပေါ့ဗျာ
:D
0 comments "အစွန်းချွတ် ဓါတုပစ္စည်း ထုတ်လုပ်ရေး စက်ရုံတစ်ရုံမှာ မနေ့က ပေါက်ကွဲမှု ဖြစ်", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.