By mmweather.ygn, on August 1st, 2012
http://blog.mmweather.com/2012/08/01/saola-damrey-update/
သြဂုတ်လ (၁)ရက်အားကောင်းသော အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း SAOLA(10W) သည် ထိုင်ဝမ်ကျွန်း တိုင်ပေမြို့ အရှေ့တောင်ဘက် မိုင် ၁၉၀ ခန့် ပင်လယ်ပြင်တွင်ဗဟိုပြုနေပြီး အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ထိုင်ဝမ်ကျွန်း၏ အရှေ့မြောက်ဘက် ကမ်းခြေအား စတင်တိုက်ခတ်လျှက်ရှိပါသည်။
မုန်တိုင်း အရွယ်အစားမှာ အလွန်ကြီးမားလာပြီး အချင်း ကီလိုမီတာ ၁၄၈၀(၈၀၀ နော်တီကယ်မိုင်) အထိရှိလာသဖြင့် ထိုင်ဝမ်ကျွန်း တစ်ခုလုံး မုန်တိုင်း အန္တရာယ်ခံရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မုန်တိုင်းဗဟို၌ လေပြင်းတိုက်ခတ်မှု တစ်နာရီ ၉၅ မိုင်နှုန်းမှ ၁၂၀ မိုင်နှုန်းအထိ ရှိပြီး၊ မုန်တိုင်းသည် လွန်ခဲ့သည့် ၆ နာရီအတွင်း မြောက်-အနောက်မြောက်ဘက်သို့ တစ်နာရီ ၅ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ကြောင်း သိရပါသည်။
မုန်တိုင်းဗဟိုသည် ထိုင်ဝမ်ကျွန်း အရှေ့မြောက်ဖျား မိုင် ၄၀ ခန့်မှ ကပ်၍ ဖြတ်သန်းပြီး အရှေ့တရုတ်ပင်လယ်မှတစ်ဆင့် တရုတ်ပြည်မကြီး အရှေ့တောင်ဘက် ကမ်းခြေအား လာမည့် ၄၈ နာရီအတွင်း Zhejiang နှင့် Fujian ပြည်နယ် ၂ ခု အစပ်မှ ကပ်၍ ကုန်းတွင်းသို့ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း၊ ကုန်းတွင်းသို့ မဝင်ရောက်မီ အဆင့်-၃ တိုင်ဖွန်း မုန်တိုင်း ကြီး အဆင့်အထိ ပိုမို အားကောင်းလာနိုင်မည်ဖြစ်ကြောင်း သိရပါသည်။
10W SAOLA – 01 Aug 2012 0000Z
Location: 22.9 123.5
Winds: 75 knots (Category 1)
Central Pressure: 967 hPa
ဂျပန်နိုင်ငံတောင်ဘက် ပင်လယ်ပြင်မှ မုန်တိုင်း DAMREY(11W) မှာ အပူပိုင်း မုန်တိုင်းအဆင့်တွင်သာ ဆက်လက်တည်ရှိနေပြီး ဂျပန်နိုင်ငံတောင်ပိုင်းစွန်းပင်လယ်ပြင်အား ဖြတ်ကျော်ပြီးနောက် လာမည့် ၁၂ နာရီအတွင်း အဆင့်-၁ တိုင်းဖွန်းမုန်းတိုင် ဖြစ်လာမည်ဟု ခန့်မှန်း ထားပါသည်။ တိုင်ဖွန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိပြီးလျှင် အရှေ့တရုတ်ပင်လယ်မှ တစ်ဆင့် တရုတ်ပြည်မကြီး ရှန်ဟိုင်း ပြည်နယ်အား ၃၆ နာရီ နောက်ပိုင်း(သြဂုတ်လ ၂ ရက် မြန်ာစံတော်ချိန် ညနေ ၆ နာရီခွဲ နောက်ပိုင်း) တွင် ကုန်းတွင်းသို့ ဝင်ရောက်နိုင်ဘွယ်ရှိကြောင်း ခန့်မှန်းထားပါသည်။
11W DAMREY – 01 Aug 2012 0000Z
Location: 30.0 132.7
Winds: 60 knots
Central Pressure: 978 hPa
Typhoon SAOLA: Current Data

လိုအပ်တာများရှိခဲ့ရင်လည်းအကြံဥာဏ်များကို
comment box မှာပေးခဲ့လို့ရပါတယ်။သူငယ်ချင်းတို့ရဲ့ comment
လေးတစ်ကြောင်းဟာ
ကျွန်တော်အတွက်နောက်ထပ်ပို့စ်တစ်ခုထပ်တင်ဖို့အားဆေးတစ်ခွက်ဆိုလည်းမမှားဘူးပေါ့ဗျာ
:D
0 comments "တိုင်ဖွန်းမုန်တိုင်း SAOLA နှင့် DAMREY ထိုင်ဝမ်ကျွန်းနှင့် တရုတ်ပြည်မကြီး အရှေ့တောင်ဘက် ဒေသများသို့ ဝင်ရောက်တိုက်ခတ်မည်", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.