skip to main |
skip to sidebar
အဆတစ်ရာမှ
ထောင်ဂဏန်းအထိ မြင့်တက်ခဲ့သော ရုံးခွန် တံဆိပ်ခေါင်းခွန်များအားလုံး
လျှော့ချပေးရန် သဘောတူညီမှု ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရှေ့နေများ
ကွန်ရက်မှ သိရသည်။ သြဂုတ်လအတွင်းက ရှေ့နေများ ကွန်ရက်မှ
တာဝန်ရှိသူများနှင့် ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ
ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ
တာဝန်ရှိသူများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ မှတ်ပုံတင်ရေး
ဦးစီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံခဲ့ကြရာတွင် ရုံးခွန်
တံဆိပ်ခေါင်းခွန်များ မြင့်တက်နေမှုကို ဆွေးနွေးခဲ့ကြကြောင်း၊ ထိုသို့
ဆွေးနွေးပြီးနောက် နှုန်းထားများကို လျှော့ချပေးမည်ဟု သဘောတူညီမှု
ရရှိခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေများ ကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ
ဦးမောင်မောင်စိုးက ပြောသည်။ “တက်တဲ့ နှုန်းထားတွေက အဆ ၁၀၀၊ ၂၀၀ ကနေ ၁၅၀၀
လောက်အထိ ရှိပါတယ်။ အဲဒါတွေကို လျှော့ချဖို့ လွှတ်တော်မှာ တင်ပြပြီးဆက်လက်
ဆောင်ရွက်မယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။ လာမည့် လွှတ်တော်တွင် ထည့်သွင်း
ဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ပြီး မူလက ရုံးခွန်တန်ဖိုး ကျပ် ၁၅
သိန်းအစား ကျပ် ၅သိန်း သတ်မှတ်မည်ဟုလည်း ဆွေးနွေးခဲ့ကြကြောင်း
ရှေ့နေများကွန်ရက်မှ ဥက္ကဋ္ဌ ဦးကြီးမြင့်က ပြောသည်။ “ပထမတော့ ၁၅ သိန်းကို
ကျပ်တစ်သိန်းခွဲလောက်ထားဖို့ တင်ပြတယ်။ အဲဒါတော့ မဖြစ်နိုင်ဘူးပေါ့။
ကျပ်ငါးသိန်းလောက်တော့ ဖြစ်မယ်ထင်တယ်” ဟု ဦးကြီးမြင့်က ပြောသည်။ ၂၀၁၂
ခုနှစ်ဧပြီ ၁ ရက်မှ စ၍ ရုံးခွန် တံဆိပ်ခေါင်းခွန်များကို မူလထက်
တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ၂၀၁၂ ခုနှစ်ဇွန်လတွင် ရှေ့နေများ ကွန်ရက်က နိုင်ငံတော် သမ္မတ
အပါအဝင် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့ကို အခွန်များ
လျှော့ချပေးရန် တင်ပြခဲ့သည်။ ထိုသို့ တင်ပြပြီး တစ်နှစ်အကြာ
ယခုနှစ်သြဂုတ်လတွင် ရုံးခွန် တံဆိပ်ခေါင်းခွန်များနှင့် ပတ်သက်၍
ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့ထုတ် Popular
News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Ref : Khit Lu Nge
Artikel terkait :
0 comments "ရုံးခွန် တံဆိပ်ခေါင်းခွန် နှုန်းထား လျှော့ချရေး သဘောတူ", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.