စည်တီး ဘုန်းကြီးကျောင်းအတွင်း နားခိုနေသော လယ်တီဆရာတော်ဘုရားကြီးသိမ်တော် ကာကွယ်ရေး အဖွဲ့များအား အင်အား အလုံးအရင်းဖြင့် ပိတ်ဆို့


လက်ပံတောင်းတောင်ရှိ လယ်တီဆရာတော်ဘုရားကြီးသိမ်တော် ကာကွယ်ရေးအတွက် လက်ပံတောင်းတောင်အထိချီတက် ကြမည့် ရဟန်းရှင်လူများသည် ၂၉၊၉၊၂၀၁၃ရက်နေ့က
ကောင်းမှုတော် အနောက်မုဒ်ရှိ စည်တီး ဘုန်းကြီးကျောင်း တွင် ညအိပ်ရပ်နားခဲ့ပါသည်၊ ရပ်နားထားရာနေရာသို့ စစ်ကိုင်းတိုင်းဒေသကြီးက တိုင်းသံဃာ့နာယကဆရာတော်များ၊
တိုင်းအုပ်ချုပ်ရေးမှူး နဲ့ခရိုင်တရားသူကြီး တို့က ဆက်လက်ချီတက်ခြင်း မပြုရန် လာရောက်တားမြစ်ခဲ့ပါသည်၊
၃၀၊၉၊၂၀၁၃ရက်နေ့ မနက်တွင် လက်နက်အပြည့်အစုံကိုင်ဆောင် ရဲတပ်ဖွဲ့မှ အလုံးအရင်းဖြင့် ကျောင်းတိုက်အတွင်းမှ မထွက်နိုင်ရေးအတွက် ပိတ်ဆို့ထားကြောင်း သတင်းရရှိပါသည်၊
ထိုရဲတပ်ဖွဲ့အနေဖြင့် လယ်တီဆရာတော်ဘုရားကြီးသိမ်တော် ကာကွယ်ရေးအဖွဲ့အား အကြမ်းဖက်ထိန်းသိမ်းမည့် သဘောရှိနေကြောင်း အဖွဲ့မှ ဦးဆောင်သူ ကိုစည်သူမှ Herjule Mediaသို့
ယခုလို ပြောပြခဲ့ပါသည်၊
"အခုလက်ရှိ အခြေအနေကတော့ အတော်ရှုပ်နေတယ်၊သူတို့ကလည်း ဆက်မထွက်နိုင်အောင် လက်နက်အပြည့်အစုံနဲ့ ၀ိုင်းဝန်းပိတ်ဆို့ထားတယ်၊ကျွန်တော်တို့ဘက်ကလည်း ဆက်ထွက်
နိုင်အောင် ကြိုးစားနေပါတယ်၊မနက်က သံဃာနာယကအဖွဲ့ဝင် (၂)ပါးက ဒီအဖွဲ့မှာရှိနေတဲ့ ရဟန်းတွေကို ဆက်မထွက်ဖို့ လာရောက်မေတ္တာရပ်ခံပါတယ်၊မေတ္တာရပ်ခံတယ်သာပြောတာပါ၊
အမှန်ကတော့ စကားလုံး လှလှနဲ့ ခြိမ်းချောက်သွားတာပါ၊ ဆက်ချီတက်ရင် နာကုန်မယ်တို့ ဘာတို့ပေါ့၊နောက်ပြီး အဲဒီဆရာတော်တွေရဲ့ ဖိအားကြောင့်ဖြစ်မယ်၊စည်တီး ဘုန်းကြီးကျောင်းဆရာတော်
ကလည်း ကျွန်တော်တို့ကို ကျောင်းတိုက်ထဲက ထွက်သွားဖို့ ပြောပါတယ်၊ အခုလတ်တလောအခြေအနေကတော့ ကျွန်တော်တို့ဆီကို NLDကဒေါက်တာမြင့်နိုင်ရောက်လာပြီး ညှိနှိုင်းနေပါတယ်၊
ဦးခင်မောင်သိန်းတို့ ဒေါ်ခင်စန်းလှိုင်တို့ကိုလည်း ခေါ်ထားတယ်လို့ ဒေါက်တာမြင့်နိုင်ကပြောပါတယ်၊ကျွန်တော်တို့ဆီလာရာလမ်းတစ်လျှောက်လုံးကို ၀ိုင်းဝန်းပိတ်ဆို့လို့ ပြင်ပနဲ့ အဆက်အသွယ်ပြတ်နေပါတယ်၊
သတင်းထောက်တွေတောင် လမ်းကြိုလမ်းကြား ပတ်ဝင်လာကြရပါတယ်၊" လို့ ပြောပြခဲ့ပါတယ်၊ပိတ်ဆို့ခံထားရသော စည်တီး ဘုန်းကြီးကျောင်း ၀န်းအတွင်း လက်ပံတောင်းတောင်ရှိ လယ်တီဆရာတော်ဘုရားကြီးသိမ်တော် ကာကွယ်ရေးအတွက် လက်ပံတောင်းတောင်အထိချီတက် ကြမည့် ရဟန်းရှင်လူအယောက်(၅၇)ယောက်ရှိနေပါတယ်၊
ဒီကနေ့ မနက်ပိုင်းကစပြီး မုံရွာ-မန္တလေးကားလမ်းပိုင်းက ခရီးသွားတွေကို သက်ဆိုင်ရာက စစ်ဆေးမေးမြန်းနေပြီး ခိုင်လုံသော အကြောင်းပြချက်ရှိသူတွေကိုသာ သွားလာခွင့်ပြုနေကြောင်းလည်း သိရှိရပါတယ်၊
 
 (ဟာဂျူလီ-ကသာ) ၃၀၊၉၊၁၃ နံနက်(၁၀)နာရီ

0 comments "စည်တီး ဘုန်းကြီးကျောင်းအတွင်း နားခိုနေသော လယ်တီဆရာတော်ဘုရားကြီးသိမ်တော် ကာကွယ်ရေး အဖွဲ့များအား အင်အား အလုံးအရင်းဖြင့် ပိတ်ဆို့", Baca atau Masukkan Komentar

Post a Comment

လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D

Note: Only a member of this blog may post a comment.

Related Posts Plugin for WordPress, Blogger...