skip to main |
skip to sidebar
မြန်မာနိုင်ငံတွင်
ပြည်သူလူထု အားလုံးနီးပါး ဝယ်ယူနိုင်သည့် အာမခံနှုန်း ထားနှင့် ထိရောက်သည့်
ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်မည့် အာမခံ စနစ်ကို ၂၀၁၅
ခုနှစ်မတိုင်မီ စတင်ကျင့်သုံးနိုင်ရန် အကောင်အထည်ဖော် မည် ဖြစ်ကြောင်း
ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက် တာ မောင်မောင်သိမ်း က ပြောကြားသည်။
ကျန်းမာရေး အာမခံ စနစ်ပေါ်ပေါက် လာပါက အာမခံ ထားသူများမှာ ရောဂါအားလုံးကို
အခမဲ့ ဆေးကုသခွင့် ရရှိနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ “ကျန်းမာရေးအာမခံ
အမျိုးအစား နည်းနည်း ဝယ်သူတွေကတော့ နည်းနည်းရမယ်။ များများဝယ်တဲ့သူက
များများခံစားခွင့် ရမှာပေါ့” ဟု ဒေါက်တာမောင်မောင်သိမ်းက ပြောဆိုသည်။
ကျန်းမာရေးအာမခံ စနစ်ကို အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်နှင့် လူမှုရေး၊
စီးပွားရေး အချက်အလက်များ ပြည်သူလူထု၏ အကျင့်စရိုက်များ၊ ယဉ်ကျေးမှုများကို
လည်း ထည့်သွင်းစဉ်းစားကာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
“ကျန်းမာရေး အာမခံစနစ်က လုပ်ဖို့ခက်ခဲပေမယ့် မလုပ်ဘဲနေလို့ မရတော့ ဘူး။
လုပ်ကိုလုပ်ရမယ်” ဟု ဒေါက်တာ မောင်မောင်သိမ်းက ဆိုသည်။ ကျန်းမာရေးအာမခံစနစ်
နိုင်ငံတကာတွင် လုပ်ဆောင်နေကြပြီး ကျန်းမာရေး အာမခံ ထားသူများသည်
ထားရှိသည့် ကျန်းမာရေးအမျိုး အစားအလိုက် အာမခံထားသည့် သက်တမ်းအတွင်း
ရောဂါဝေဒနာ ခံစားရပါက အခမဲ့ ဆေးကုသခွင့် ရရှိမည်ဖြစ်ကြောင်း၊
မြန်မာနိုင်ငံတွင် လည်း ယင်းစနစ် ပေါ်လာပါက ငွေကြေးမတတ်နိုင်သူများ
ဆေးကုသခွင့် အတွက် အဆင်ပြေစေနိုင်မည်ဖြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေး
ပညာရှင် တစ်ဦးက သုံးသပ်သည်။ ကျန်းမာရေး အာမခံစနစ်ကို ၂၀၁၅ ခုနှစ်မတိုင် မီ
မြန်မာနိုင်ငံတွင် စတင်ကျင့်သုံးနိုင်ရန် လုပ်ဆောင်နေပြီး ကျန်းမာရေး
အာမခံစနစ်ကို အကောင်အထည်ဖော်ရန် မြန်မာ့ အာမခံ၊ ပုဂ္ဂလိက အာမခံ ကုမ္ပဏီများ
အပါအဝင် ကျန်းမာရေး၊ လူမှုဖူလုံရေး၊ ပုဂ္ဂလိက ဆေး ရုံ၊ ဆေး ခန်း များ စသည့်
ဘက်ပေါင်းစုံနှင့် ပူးပေါင်းလုပ်ဆောင် မည်ဖြစ်ကြောင်း၊ ယင်းစနစ်ကို
အကောင်အထည်ဖော်ရန် ဘက်ပေါင်းစုံက ပါဝင်သည့် စာတမ်းဖတ်ပွဲ ပြုလုပ်ကာ
အဖြေရှာသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ မြန်မာနိုင်ငံတွင် ကျန်းမာရေး
အာမခံစနစ် ပေါ်ပေါက် လာရန် အခက်အခဲရှိသော်လည်း နိုင်ငံတကာတွင်
ကျင့်သုံးနေသည့် စနစ်များကို လေ့လာကာ ပူးပေါင်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊
ကျန်းမာရေး အာမခံသည် ပြည်သူလူထုအတွက် အဓိက လိုအပ်ချက် တစ်ခုဖြစ်သဖြင့်
ယင်းစနစ် အကောင်အထည်ပေါ်လာပါက မြန်မာနိုင်ငံ အာမခံလုပ်ငန်း ပိုမို
ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း
First National ပုဂ္ဂလိက အာမခံ ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက
ပြောကြား သည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက အာမခံ ကုမ္ပဏီ ၁၂ ခု
လုပ်ကိုင်ခွင့်ပြု ထားသည့် အနက် ကိုးခုမှာ လုပ်ငန်းစတင်နေပြီဖြစ်ပြီး
မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းထားသည့်
ပြည်ပအာမခံကုမ္ပဏီများ အနက် အာမခံ ကုမ္ပဏီ ၁၂ ခုကို ကိုယ်စားလှယ်ရုံးခွဲ
ဖွင့်ရန် ခွင့်ပြု ထားကြောင်း ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့ထုတ် The
Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
ခေတ်လူငယ်
Artikel terkait :
0 comments "လူအများစုဝယ်နိုင်ပြီး ထိရောက်မှုရှိသည့် ကျန်းမာရေးအာမခံစနစ် ဖော်ဆောင်မည်", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.