အား ကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးတင့်ဆန်း မြေအရောင်း အဝယ်ကိစ္စနှင့်စပ်လျဉ်းသည့် တရား မမှုကို ဆက်လက်စစ်ဆေးရန် သင့် မသင့်ကို စက်တင်ဘာ၂၆ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားရုံးတွင် အမိန့်ချမှတ်သွားမည်ဖြစ် ကြောင်း ယင်းအမှုကိုစစ်ဆေးနေ သော မန္တလေးတိုင်းဒေသကြီး တရားသူကြီး ဦးကြည်သိန်းက ပြောသည်။
ယင်းအမှုနှင့်ပတ်သက်၍ တရားသူကြီး ဦးကြည်သိန်းက ''ဒီစက်တင်
ဘာ၁၂ရက် ရုံးချိန်းက ပဏာမငြင်းချက်ကို နှစ်ဖက်လျှောက်လဲချက်
ကြားနာတဲ့ရုံးချိန်းပါ။ အဲ ဒီအပေါ်မှာ တရားဥပဒေနဲ့အညီ ၂၆ရက် အမိန့်ချမယ်။ တရားရုံး အနေနဲ့ ဆုံးဖြတ် ချက် ပေးရမှာပါ။ ဒီအမှုကို
ဆက်စစ်ဖို့ သင့် မသင့် အမိန့်ချမှာပါ။ တရားရုံးအနေနဲ့ ဘယ်လိုအမှု
မျိုးပဲ ဖြစ်နေပါစေ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်း နဲ့အညီလုပ်ရင် အမှုတွေကို လက် ခံစစ်ဆေးပေးပါတယ်။ open court ပါ။ မည်သူ မဆို လာ ရောက်နားထောင်လို့ရပါတယ်'' ဟု ပြောသည်။
အဆိုပါအမှု အတောအတွင်း တရားရုံး စစ်ဆေးဆဲဖြစ်သည့် အချင်းဖြစ်
ပစ္စည်းကို တရားမဝင်ချုပ်ဆိုခြင်း၊ ကာလတန်ဖိုး ထက်များစွာ လျော့
နည်းဖော်ပြ ခြင်း၊ မမှန်မကန် စာချုပ်ချုပ်ဆို ခြင်းတို့ကြောင့် တရားလို
အမှုသည်များ ရသင့်ရထိုက်ခွင့်ရှိ သော အကျိုးစီးပွားများ နစ်နာဆုံးရှုံး
သည့် အတွက် စာချုပ်စာတမ်း ချုပ်ဆို ထားခြင်းမှ တရားမဝင်ကြောင်း ပယ်ဖျက်ပေးစေလိုမှုနှင့် အကျိုးစီးပွားကြားကာလ အမြတ်အစွန်း ရလိုမှု စွဲဆိုထားခြင်းကို မန္တလေး တိုင်းဒေသကြီး တရားရုံးမှ ဥပ ဒေနှင့်အညီ အမိန့်ချသွားမည် ဖြစ်ကြောင်း၊ အဆိုပါအမှုတရား လို ဦးစိုးဝင်းမိုးက
ပြောသည်။
အဆိုပါအမှုနှင့် ပတ်သက် ၍တရားပြိုင်ဦးတင့်ဆန်း၏ကိုယ
တစ်ဦးဖြစ်သူ ဦးချစ်မြင့် က ''ကျွန်တော်တို့အနေနဲ့ကတော့
သက်ပြီး တရားရုံးရဲ့ အဆုံးအဖြတ်ကိုပဲ ခံယူသွားမှာပါ။ ဘာမှပြော
စရာမရှိပါဘူး'' ဟု မန္တလေးတိုင်း ဒေသကြီး တရားရုံးတွင် စက်တင်ဘာ
၁၂ ရက် အဆိုပါ အမှုရုံးချိန်းတွင်ရန်ကုန်တ
ပြောသည်။
ကျော်မြတ်ဇံ
Yangon Media Group
သီဟ (ဘိုကလေးသား)
0 comments "ဝန်ကြီး ဦးတင့်ဆန်းအမှု ဆက်လက်စစ်ဆေးရန် သင့်မသင့် စက်တင်ဘာ ၂၆ တွင် အမိန့်ချမည်", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.