skip to main |
skip to sidebar
Beranda
»
ရာသီဥတု
»
ဆရာဒေါက်တာ ဦးထွန်းလွင် ပြောပြတဲ့မြန်မာနိုင်ငံအလယ်ပိုင်းရဲ့ရာသီဥတုအခြေအနေ

မြန်မာနိုင်ငံအလယ်ပိုင်းဒေသဟာ (မုတ်သုံ)မိုးကွယ်အရပ်ဖြစ်ပါတယ်။
ဒါကြောင့် ဒီဒေသကို “မိုနည်းရေရှား” “ပူပြင်းခြောက်သွေ့” ဒေသလို့
ရာသီဥတုသဘော အရ ခေါ်ဝေါ်လေ့ရှိကြပါတယ်။ ဒါပေမယ့် ဒီဒေသရဲ့ တစ်နှစ်တာပတ်လုံး
လအလိုက် ရရှိတဲ့ မိုးရေချိန်တွေကို လေ့လာလိုက်တဲ့အခါ တစ်နှစ်မှာ
မိုးအများဆုံးရတဲ့ကာလ ဟာ နှစ်ကြိမ်ရှိနေတာကို တွေ့ရပါတယ်။ အဲဒါကတော့
"မုတ်သုံအ၀င်ကာလ" နဲ့ "မုတ်သုံအထွက်ကာလ" တွေဖြစ်ပါတယ်။ မိုးတွင်းကာလ
မဟုတ်ပါဘူး။ မိုးတွင်းမှာတော့ မုန်တိုင်းရှိမှသာ မိုးရတတ်ပါတယ်။
ဒါကြောင့် ဒီဒေသကို Rainfall Double Maxima ရှိတဲ့ဒေသလို့ ခေါ်ကြပါတယ်။
အခုလည်း မုတ်သုံအဆုတ်မှာ မိုးတွေကောင်းနေတာဖြစ်ပါတယ်။ ဆုတ်လို့ကို
မိုးကာင်းနေရတာပါ။ နဂိုကတည်းက သိထားပြီးသားပါ။ အဲ..ခက်တာက အလယ်ပိုင်းဒေသဟာ
မုတ်သုံဆုတ်ပြီဆိုရင် မိုးကောင်းတော့မယ်ဆိုတဲ့အသိက အများမှာမရှိကြဘူး။
"ဆုတ်ပြီလည်းပြောသေးတယ် မိုးတွေကရွာလိုက်တာ" လို့ဘဲ အပြောခံရတတ်ပါတယ်။
"မှန်လျက်နဲ့ လွဲရပြန်တဲ့မိုးလေ၀သ" ပါ။
အဲ.. မိုးကောင်းတာလည်း
အကြောင်းတစ်ခုဖြစ်ပေမယ့် ၂၀၁၁ ခုနှစ်တုံးက ထိုင်းမှာရေကြီးတော့
ဘန်ကောက်မြို့တော် ရေတွေမြုပ်တုံးကလို မိုးများတာ တစ်ခုတည်းကြောင့်မဟုတ်ဘဲ
မြေယာအသုံးချမှုတွေ ချို့ယွင်းလို့လည်း ဖြစ်တတ် တာကိုတော့ နမူနာထားပြီး
သတိထားသင့်ပါတယ်။
ဒေါက်တာထွန်းလွင်
သီဟ(ဘိုကလေးသား)
Artikel terkait :
0 comments "ဆရာဒေါက်တာ ဦးထွန်းလွင် ပြောပြတဲ့မြန်မာနိုင်ငံအလယ်ပိုင်းရဲ့ရာသီဥတုအခြေအနေ", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.