တလည်းသီးဖျော်ရည်တစ်ခွက်သောက်ခြင်းဖြင့် ချစ်စိတ်ကို မြှင့်တင်နိုင်





အိမ်ထောင်မှုသုခ အပြည့်အ၀ မရရှိဘူးဆိုရင် တလည်းသီးဖျော်ရည် တစ်ခွက်ကို သောက်လိုက်ပါလို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်
တလည်းသီးဖျော်ရည်ဟာ အိမ်ထောင်ရှင်တွေအတွက် စိတ်ဆန္ဒကို လှုံဆော်ပေးနိုင်တဲ့ နံပါတ်တစ်ဖျော်ရည်ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ တလည်းသီးဖျော်ရည်ဟာ အိမ်ထောင်ရှင်စုံတွဲတွေကိုပိုပြီး ချစ်ချစ်ခင်ခင်နေနိုင်စေကြောင်း လေ့လာမှုအရ သိရပါတယ်။
အကြောင်းကတော့ တလည်းသီးဖျော်ရည်မှာ အင်တီအောက်ဆီးဒင့်ဂုဏ်သတ္တိ အပြည့်ပါဝင်တဲ့အပြင် တလည်းသီးရနံ့နဲ့ အရသာကြောင့် ဖြစ်ပါတယ်။ တလည်းသီးဖျော်ရည်နှာ ပါဝင်တဲ့ ဗီတာမင်စီက တစ်နေ့တာ လိုအပ်တဲ့ပမာဏရဲ့ ၁၆% နဲ့ ဗီတာမင် B3 ၊ ပိုတက်စီယမ်၊ သဘာဝဖီနောနဲ့ ဖေလးဗိုနွိုက်တို့လည်းပါဝင်နေပါတယ်။ တလည်းသီးမှာ အမျှင်ဓာတ်ပါဝင်မှုလည်း မြင့်မားတာကြောင့် တလည်းသီးဟာ နှလုံးရောဂါဖြစ်နိုင်ချေကို လျော့ကျစေပြီး သွားချေးဖတ်မဖြစ်အောင်လည်း ကာကွယ်ပေးတယ်လို့ သိရပါတယ်။

Good Health ( ZKO )

0 comments "တလည်းသီးဖျော်ရည်တစ်ခွက်သောက်ခြင်းဖြင့် ချစ်စိတ်ကို မြှင့်တင်နိုင်", Baca atau Masukkan Komentar

Post a Comment

လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D

Note: Only a member of this blog may post a comment.

Related Posts Plugin for WordPress, Blogger...