မြန်မာ အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ရန် တရုတ်အစိုးရအ နေဖြင့် ကေအိုင်အိုအား တွန်းအား ပေးလျက်ရှိကြောင်း တရုတ်အစိုးရ အဆင့်မြင့်အရာရှိကြီးတစ်ဦးက
စက်တင်ဘာ၁၃ရက်က ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အာရှ ရေးရာ အထူးသံတမန်နှင့်နိုင်ငံ ခြားရေးဝန်ကြီးဌာန နိုင်ငံခြားရေး
မူဝါဒ အကြံပေးကော်မတီအဖွဲ့ ဝင် မစ္စတာဝမ်ယင်ဖန်နှင့် ရန်ကုန် တိုင်းမ်တို့ သီးခြားတွေ့ဆုံစဉ် ယင်း ကဲ့သို့ပြောကြားခဲ့ခြင်းဖြစ
မစ္စတာဝမ်ယင်ဖန်သည် မြန်မာအစိုးရနှင့် ကေအိုင်အိုတို့ အကြား ငြိမ်းချမ်းရေးရရှိစေရန် အတွက် ညှိနှိုင်းဆောင်ရွက်ရန် လာရောက်ခဲ့ခြင်းဖြစ်ပြီး စက်တင် ဘာ ၁၄ရက်တွင် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ် မော်နှင့်တွေ့ဆုံမည်ဟု သိရသည်။
တရုတ်အစိုးရအနေဖြင့် ကေအိုင်အေနှင့် '၀'တပ်မတော် တို့ထံသို့ လက်နက်များရောင်းခြင်း မရှိကြောင်းကိုလည်း ယင်းက တရားဝင်ငြင်းဆိုခဲ့သည်။
မစ္စတာဝမ်သည် မြန်မာနိုင်ငံ သို့ ဒုတိယအကြိမ်လာရောက်ခြင်း ဖြစ်ပြီး ယခုခရီးစဉ်အတွင်း ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်း၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်း ဇော်၊ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်၊ တစညပါတီ ဥက္ကဋ္ဌ ဦးထွန်းရီ၊ ၈၈မျိုးဆက်ကျောင်း သားအဖွဲ့မှ ဦးကိုကိုကြီးတို့နှင့်တွေ့ ဆုံခဲ့ကြောင်း သိရသည်။
မစ္စတာဝမ်သည် ၂၀၁၃ခု နှစ် မတ်လအတွင်းပြုလုပ်ခဲ့သည့် ရွှေလီငြိမ်းချမ်းရေး ဆွေးနွေးပွဲအ ပြီးတွင် ပထမအကြိမ်အဖြစ် မတ် လအတွင်းက မြန်မာနိုင်ငံသို့လာ ရောက်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် စက်တင်ဘာ၈ရက်က ရောက်ရှိခဲ့ ခြင်းဖြစ်သည်။

0 comments "ငြိမ်းချမ်းရေးစာချုပ်တွင် လက်မှတ်ထိုးရန် ကေအိုင်အိုအား တွန်းအားပေးနေဟု တရုတ်၏ အာရှအထူးသံတမန်ပြော", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.