skip to main |
skip to sidebar

စက်တင်္ဘာ
၁၃ ရက် နေ့ ညနေပိုင်းက တာချီလိတ်မြို့ မိုးသောက်ကြယ် စားတော်ဆက်ဆိုင်
ပိုင်ရှင် (ဦး) လုံးစိုင်းစိုင်း မိုးသောက်ကြယ်အား သေနတ်သမားတဦးက
ဝင်ရောက်ပစ်ခတ်ရာ ပွဲချင်းပြီး သေဆုံးကြောင်း ကြားသိရပါသည်။
“တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက်မှာ ရှိတဲ့ သူ့အိမ်မှာဘဲ
ပစ်သတ်ခံရတယ်။ လည်ပင်းမှာ နှစ်ချက် ထိတယ်။ ပေါင်မှာ တချက်ထိတယ်။
ပွဲချင်းပြီးသေတယ်။ ချင်းရိုင်းဆေးရုံအထိ ယူသွားပြသေးတယ်။ ဒီနေ့
တာချီလိတ်ကို အလောင်း ပြန်သယ်မယ်ပြောတယ်” - ဟု တာချီလိတ်မြို့နေ
လုံးစိုင်းနွန်းက ပြောသည်။
လုံးစိုင်းစိုင်း
မိုးသောက်ကြယ်သည် ယခင်က ဦးလောဝ်းဆန်း ဆိုသူနှင့် ပြဿနာဖြစ်ပွားခဲ့ဖူးပြီး
တာချီလိတ် အခြေစိုက် ဗျူဟာမှူးအဆင့်အထိ တက်ရောက်ဖြေရှင်းရကြောင်း၊
မိုင်းဖြတ်မြို့မှ (ဦးလောဝ်းဆန်း၏လူ) စိုင်းယီသည်
တာချီလိတ်မြို့သွားသည်ဟုဆိုကာ ပျောက်ဆုံးနေသဖြင့် လုံးစိုင်းစိုင်း
မိုးသောက်ကြယ် အမှုနှင့် ပတ်သက်ဆက်နွယ်နေသည်ဟုလည်း ၎င်းတို့ကိစ္စအား
သိနေသူများက ပြောဆိုသုံးသပ်ပါသည်။ သို့သော် လက်သည်အမှန်ကို ဖွင့်ဟနိုင်ရန်
စစ်ဆေးမှုပြုလုပ်နေသေးသည်ဟုလည်း တာချီလိတ်မြို့မှ ရဲ တဦးက ပြောသည်။
“ကျနော်တို့လေ့လာတွေ့ရှိချက်အရ ဟိုးတလောက ပစ်သတ်ခံရတဲ့ စိုင်းကျောက်
အမှုနဲ့ ဆင်တူတယ်၊ တရား ခံလည်း တယောက်တည်းပဲ ဖြစ်နိုင်တယ်” - ဟု အဆိုပါ
ရဲတပ်သားက ပြောဆိုပါသည်။
ပစ်သတ်ခံရသူ အသက် ၅၃ နှစ်ရှိ
လုံးစိုင်းစိုင်း မိုးသောက်ကြယ်ကို တာချီလိတ်မြို့ခံများက လုံးစိုင်းမာ ဟု
သိကြကြောင်း၊ သုံးဆယ့်ခြောက်ကောင် ထီ ကန်ထရိုက် ခေတ်က ခွေး(မာ) အား
ပေါက်ကောင်အဖြစ်မကြာ ခဏ ထည့်သောကြောင့် လုံးစိုင်းမာ ဟု အမည်တွင်ကြောင်း၊
လုံးစိုင်းစိုင်း မိုးသောက်ကြယ်သည် ကျိုင်းတုံမြို့ ကျိုင်းခမ်းလုံ ဇာတိ
တိုင်းနေသျှမ်းအမျိုးသားဖြစ်ကြောင်း၊ သုံးလုံးချဲထီအားကန်ထရိုက်ရသူတဦးဖြစ်ကြောင်း ကြားသိရပါသည်။
သျှမ်းသံတော်ဆင့်
Artikel terkait :
0 comments "တာချီလိတ်မြို့၌ လူသတ်မှု ထပ်မံဖြစ်ပွား", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.