ဘိုကလေးမြို့ ကုတင် ၁၀၀ ပြည်သူ့ဆေးရုံကြီးသို့ သွားသော လမ်းပြုပြင်ပေးစေလို



 ဘိုကလေးမြို့ ကုတင် ၁၀၀ ပြည်သူ့ဆေးရုံကြီးသို့
သွားသော လမ်းအားပုံပါအတိုင်းတွေ.မြင်နိုင်ပါတယ်။ထိုသို့ဆိုရွားလှသော လမ်းအခြေအနေကြောင့် မြို့ပေါ်ဆင်းရဲနွမ်းပါးသူ
များနှင့် ဘိုကလေးမြို့နယ်အတွင်းရှိကျေးရွာများမှ မရှိဆင်းရဲသားများ ကျန်းမာရေးအတွက် အရေးပေါ် အခြေအနေ ကြုံလာသောအခါတွင် ဆိုက္ကားများကို
သာ အားကိုးအသုံးပြုကြရပါသည်။ သို့ရာတွင်






လမ်းများမှာအလွန်ဆိုးရွားသဖြင့်ဆိုက္ကားများမှာ ဝေးလံလှသောဆေးရုံသို့ မလိုက်ချင်ကြပါ။ မဖြစ်မနေ သွားရသောအခါတွင်လည်း လူနာများမှာ မသက်သာလှပါ။ သို့ဖြစ်ပါ၍ တာဝန်ရှိသူများမှ အမြန်ဆုံးပြုပြင်ပေးနိုင်ပါရန် နှင့် ထိုလမ်းပေါ်ရှိ အုတ်သဲကျောက် ဆိုင်များမှ မတန်တဆ တင်ဆောင်မောင်းနှင်နေကြသော ထော်လာဂျီယာဉ်များ၊ကုန်တင်လှည်းများအား ကြပ်မတ်စစ်ဆေး သင့်ပါကြောင်း အကြံပြု တင်ပြအပ်ပါသည်။
အထက်ပါ သတင်းအား ဖေ့ဘုတ်စာမျက်နှာမှ ကောက်ယူထားခြင်းဖြစ်ပြီး အဆိုပါသတင်းနှင့်ပတ်သက်ပြီး စည်ပင်မှ EO မှ (
အဲဒီအပိုင်းကိုအလှူရှင်ရှာပြီးပြီ ကွန်ကရစ်ခင်းတော့မှာ) ပါဟုပြန်လည်ဖြေကြားထားပါသည်။

ကျွန်တော်၏ နောက်ဆုံးရသတင်းများတွင် ဘိုကလေးမြို.နှင့်ပတ်သတ်သောအကြောင်းအရာများအား ကဏ္ဍတစ်ခုအနေနှင့်တင်ပြသွားမှာဖြစ်သဖြင့် သတင်းပေးပို့လိုပါက သတင်းနှင့်တကွဓာတ်ပုံပါပူးတွဲပြီး sharponetawmintharlay09@gmail.com သို့ပေးပို့နိုင်ပါကြောင်းအသိပေးအပ်ပါသည်။ ဘိုကလေးမြို.သတင်းများအား ဒီနေရာ ကနေသွားရောက်ဖတ်နိုင်ပါတယ်။


Admin : သီဟ(ဘိုကလေးသား)


0 comments "ဘိုကလေးမြို့ ကုတင် ၁၀၀ ပြည်သူ့ဆေးရုံကြီးသို့ သွားသော လမ်းပြုပြင်ပေးစေလို", Baca atau Masukkan Komentar

Post a Comment

လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D

Note: Only a member of this blog may post a comment.

Related Posts Plugin for WordPress, Blogger...