skip to main |
skip to sidebar
Beranda
»
သတင်းများစုစည်းမှု
»
အဝေးပြေးကားဂိတ်သွားမည့် ခရီးသွားများကို တက္ကစီဌားခ၏ ထက်ဝက်သာ ကောက်ခံမည့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း မကြာခင်စတင်မည်
အဝေးပြေးကားဂိတ်သွားမည့် ခရီးသည်များအတွက် အိမ်တိုင်ရာရောက်
လာရောက် ခေါ်ယူမည့်အပြင် တက္ကစီကားငှားခများ ထက်ထက်ဝက်နီးပါး
သက်သာသော ဈေးနှုန်းဖြင့် ၀န်ဆောင်မှုပေးမည့် ခရီးသွားဝန်ဆောင်မှု
လုပ်ငန်းကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ “အဝေးပြေးဂိတ်ကို
ကားငှားတဲ့အခါ ကားငှားခတွေ ဈေးကြီးတာကြောင့် အခုလိုကားခဈေးနှုန်း
သက်သာတဲ့ လုပ်ငန်းစဉ်ကို ဆောင်ရွက်တာဖြစ်ပြီး အဲဒီလုပ်ငန်းစဉ်မှာ
ခရီးသွားမယ့်ဧည့်သည် (၁၂)ယောက်ကို ကားတစ်စီးနှုန်းနဲ့ အိမ်တိုင်ရာ
ရောက်ခေါ်ယူကာ အဝေးပြေးကားဂိတ်ကို ပို့ဆောင်ပေးမှာဖြစ်တယ်။
ဝန်ဆောင်မှုပေးတဲ့နေရာမှာ ကားဂိတ်ကို အရောက်နောက်ကျခဲ့မယ်ဆိုရင်
ခရီးသွားလိုတဲ့နေရာအထိ ကုမ္ပဏီအနေနဲ့ လိုက်ပါပို့ဆောင်ပေးမှာဖြစ်တယ်”
ဟု အဆိုပါလုပ်ငန်းကို လုပ်ကိုင်မည့် ကုမ္ပဏီ၏ Team Leader
ကိုကြည်သာဟန်က ပြောသည်။ အဆိုပါခရီးစဉ်တွင် လိုက်ပါချင်သူများက
ကုမ္ပဏီများတွင် မန်ဘာဝင်ပြီး မိမိတို့သွားရောက်မည့် ခရီးစဉ်ကို ဖုန်းဆက်
ရုံဖြင့် အိမ်တိုင်ရာရောက် လာရောက်ခေါ်ယူမည်ဖြစ်သည်။ ကုမ္ပဏီကို
မန်ဘာဝင်ကြေးကျပ်သုံးထောင်ပေးဆောင်ရမည်ဖြစ်ပြီး ခရီးစဉ်တစ်ကြိမ်ကို
(သုံးရာ)နှုန်းဖြင့် ဖြတ်ယူကာ ခရီးစဉ်ဆယ်ကြိမ်အပြီးတွင် မန်ဘာဝင်ကြေး
ကုန်ဆုံးမည်ဖြစ်ပြီး နောက်ထပ်ခရီးစဉ်သွားရောက်ချင်သောအခါ မန်ဘာ
ကြေးထပ်မံပေးသွင်းရမည်ဖြစ်သည်။ မနီးမဝေးခရီးစဉ်များအတွက်
မန်ဘာကြေးတစ်ခေါက်သုံးရာနှုန်းဖြစ်သော်လည်း ခရီးစဉ်အကွာအဝေး
ပေါ်မူတည်ပြီး တက္ကစီကားခယူနှုန်းများ ထက်ဝက်နှုန်းသတ်မှတ်သွား
မည်ဖြစ်သည်။ အဆိုပါခရီးသွားဝန်ဆောင်မှုလုပ်ငန်းကို မကြာမီ စတင်
လုပ်ကိုင်သွားနိုင်မည်ဖြစ်ပြီး ယခုအချိန်တွင် ရန်ကုန်မြို့တော်မြေပုံနှင့်
အခြားမြေပုံများ၊ မီးပွိုင့်များ၏ တည်နေရာ၊ ဖြတ်လမ်းများကို ကုမ္ပဏီ
ကိုယ်တိုင် လေ့လာသုံးသပ်ရေးဆွဲပြီး ဖြစ်ကြောင်း သိရသည်။
Artikel terkait :
0 comments "အဝေးပြေးကားဂိတ်သွားမည့် ခရီးသွားများကို တက္ကစီဌားခ၏ ထက်ဝက်သာ ကောက်ခံမည့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း မကြာခင်စတင်မည်", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.