skip to main |
skip to sidebar
၁၃.၉.၂၀၁၃ရက်နေ့ ၂၃၅၀ အချိန် တိုက်ကြီးမြို့မရဲစခန်းမှ
တပ်ဖွဲ့ ၀င် များ သည် လှည့်ကင်းဆောင်ရွက်စဉ် တိုက်ကြီးမြို့၊
ဗောဓိ ကုန်း ရပ်ကွက်၊ မြို့နယ်သမ၀ါယမရုံးအနီး ရန်ကုန်-ပြည် ကားလမ်းပေါ် တွင် စက်ဘီး(၁)စီးနှင့်ခိုးယူလာကြောင်း
မသင်္ကာဖွယ် ရာတွေ့ရှိသူ မင်းမင်း(ခ) မင်းမင်းဦး၊ (ဘ)ဦးမြင့်စိုး၊
တိုက်ကြီးမြို့နယ်နေသူအား တိုက်ကြီးမြို့မရဲစခန်း(ပ) ၂၆၈/၂၀၁၃၊ ပုဒ်မ
၃၈၀/၅၄ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးရာ
မင်းမင်း(ခ)မင်းမင်းဦးသည် ၂၁၃၀ အချိန်ခန့်က သမ၀ါယမ ရုံးဝင်းတွင်
ညစောင့်ဖြစ်သူ ဦးခင်မောင်ဦး၊ (ဘ)ဦးခင်၊ တိုက်ကြီးမြို့နယ်နေ သူနှင့်
အရက်မူးစကားများရာမှ ဦးခင်မောင်ဦး၏ ဦးခေါင်းအား တမံတလင်းကြမ်းပြင်ဖြင့်
ဆွဲဆောင့်ထားခဲ့ကြောင်း သိရှိရသဖြင့် စခန်းမှူးနှင့်အဖွဲ့မှ
မြို့နယ်သမ၀ါယမရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဦးခင်မောင်ဦးသည်
ဦးခေါင်းနောက်စေ့
ပေါက်ပြဲ၊ ယာပခုံး ဖူးယောင်၊ နှာခေါင်းနှင့် ပါးစပ်သွေးထွက်ဒဏ်ရာ
များဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် မင်းမင်း(ခ)မင်းမင်းဦးအား တိုက်ကြီးမြို့မရဲစခန်း(ပ)၂၆၉/၂၀၁၃၊ ပုဒ်မ၃၀၂ ဖြင့်ထပ်မံ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
Artikel terkait :
0 comments "ခိုးမှုမသင်္ကာဖြင့် ဖမ်းဆီးစစ်ဆေးရာမှ လူသတ်မှုပေါ်", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.