skip to main |
skip to sidebar

မုံရွာမြို့ မြို့ရဲစခန်းအပိုင်နယ်မြေဖြစ်သော
အလုံရဲကင်းစခန်းရှိအချုပ်ခန်း တွင် ဟန်းဆက်ခိုးသူဟုယူဆကာ မသင်္ကကာသဖြင့်
ဖမ်းဆီးချုပ်နှောင် ထားသော အဘ-ဦးစောမောင် ၏သားဖြစ်သူ အောင်ဆန်းလင်း
အသက်(၂၉)နှစ် စစ်ပင်ရပ်ကွက်၊ပန်းဘဲတန်းရပ်နေသူသည်
2013 ခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့ (၆)နာရီ(၃၀)မိနစ်ခန့်တွင်
အလုံရဲကင်းအချုပ် ခန်းတွင် သေဆုံးနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန
ရဲချုပ်ရုံး(နေပြည်တော်) ရှိ ၀န်ထမ်းတစ်ဦးထံမှသိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မုံရွာမြို့ မြို့မရဲစခန်း မှ သေမှုသေခင်း အမှတ်စဉ်-၁၇/၂၀၁၃
ဖြင့် ဖွင့်လှစ်ကာ တရားလိုအဖြစ် လ-၁၃၀၇၅ ရဲအုပ်
မိုးကျော်အောင်၊အလုံရဲကင်းစခန်းမှူးမှ တရားလိုပြုလုပ်ပြီး အမှုစစ်အဖြစ်
ဒုရဲမှူး-ကျော်ကျော်ညွန့် မြို့မရဲစခန်းမှူး ကဆောင်ရွက်ကာ သေဆုံးသူအား
ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ် မဟုတ် မုံရွာပြည့်သူ့ဆေးရုံကြီးသို့
ပို့ဆောင်ခဲ့ကြောင်းလည်းသိရသည်။
“လာပြီးဖမ်းတုန်းကတော့ လူကနည်းနည်းမူးနေတာကလွှဲလို့ ကျန်းမာရေး ကောင်းတယ်။ရပ်ကွက်ထဲက မှတ်ကြီး ရဲ့ဖုန်းကိုခိုးလို့ဆိုပြီး ရပ်ကွက်အုပ် ချုပ်ရေးမှူးက တိုင်လို့ ရဲတစ်ယောက်ကဖမ်းခေါ်သွားတာ။နောက်ကျမှ
ရဲတစ် ယောက်က အောင်ဆန်းလင်း ရဲ့မိန်းမဖြစ်သူ တင်နွဲ့ ကိုလာခေါ်တယ်။လာ
ခေါ်ပြီး အချိန်သိပ်မကြာခင်မှာ အောင်ဆန်းလင်း အချုပ်ခန်းထဲတင်ဆုံးသွား
ပြီလို့ကြားရတယ်။ ဖမ်းသွားတုန်းကမြင်တဲ့သူတွေကတော့ လမ်းမှာကတည်း က လာပြီးဖမ်းတဲ့ရဲက ဆောင့်ကန် လက်သီးနဲ့ထိုးတာတွေလုပ်လို့သေရ တယ်ဆိုပြီး အရပ်ထဲမှာတော့ပြောနေကြတယ်လို့”အဆိုပါသေဆုံးသူ၏ အိမ်အနီးရှိ အသက်(၃၅)နှစ်အရွယ်အမျိုးသမီးတစ်ဦးက သလ္လာဝတီတိုင်းမ် ကိုအတည်ပြုပြောကြားခဲ့ပါတယ်။
အောင်ဆန်းလင်း အားသွားရောက်ဖမ်းဆီးသူမှာ လ-၁၃၀၇၅ ရဲအုပ်မိုးကျော်အောင်
ဖြစ်သည်ဟုလည်းသိရပြီး အောင်ဆန်းလင်း ၏ ဇနီးသည်ဖြစ်သူ
မတင်နွဲ့အားသွားရောက်ခေါ်ဆောင်သူမှာ ရဲတပ်ကြပ် သန်းလွင် ဖြစ်သည်ဟု သိရသည်။
ThanLarWaddy Times
Admin : သီဟ(ဘိုကလေးသား)
Artikel terkait :
0 comments "အလုံရဲကင်းအချုပ်ခန်းတွင်း ချုပ်ထားသော တရားခံရုတ်တရက်သေဆုံးသွား", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.