ကလေးငယ်ထံမှ ရွှေဆွဲကြိုးဖြတ်ယူသွားသည့် တရားခံများအား ဖမ်းဆီးရမိ

 
 
၁၄.၉.၂၀၁၃ရက်နေ့ ၁၀၀၀ အချိန် လှိုင်သာယာမြို့နယ်၊(၁၁)ရပ်ကွက်ေ

ဒေါ်ခင်သန္တာဝင်းသည် သားဖြစ်သူ မောင်ဟိန်းထွန်းအောင်၊
(၁)နှစ် (၆)လနှင့် အတူ (၁၁)ရပ်ကွက်၊ အောင်မင်္ဂလာဈေး အပြင်ဘက်တန်း၌ ဈေးဝယ်ယူနေစဉ် သားဖြစ်သူ၏လည်ပင်းတွင် ဆွဲထားသော အလေးချိန် ၃ပဲ၊ ၁ရွေးရှိ ရွှေဆွဲကြိုး(၁)ကုံးနှင့်
အလေးချိန် ၁ပဲ၊ ၄ရွေးရှိ ရွှေဆွဲပြား(၁)ခု အားမတွေ့ရှိသဖြင့် ရှာဖွေစဉ် အမျိုးသမီးငယ်တစ်ဦးမှဖြတ်ယူသွားကြောင်း ကြက်သွန်ရောင်းသူ
ဈေးသည်မှ ပြောပြသိရှိရသဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ ပတ်ဝန်းကျင်ရှိ
လူများနှင့်အတူ လိုက်လံရှာဖွေခဲ့ပါသည်။

ထိုသို့ရှာဖွေခဲ့ရာ ဈေးအရှေ့ဘက် ဘုန်းကြီးကျောင်းအနီးတွင် ဆွဲကြိုးဖြတ်ယူသွားသူ လှိုင်သာယာမြို့နယ်နေ မပုတု(ခ)မခင်ခင်အေး၊ (ဘ)ဦးသန်းကြိုင်နှင့် ၄င်း၏ခင်ပွန်း အောင်မိုးခိုင်၊(ဘ)ဦးခိုင်လေးတို့အား သက်သေခံရွှေဆွဲကြိုးနှင့်အတူဖမ်းဆီးရမိသဖြင့် သောင်ကြီးနယ်မြေ ရဲစခန်း(ပ)၅၅၃/၂၀၁၃၊ ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yanogn Police
Admin :သီဟ (ဘိုကလေးသား)

0 comments "ကလေးငယ်ထံမှ ရွှေဆွဲကြိုးဖြတ်ယူသွားသည့် တရားခံများအား ဖမ်းဆီးရမိ", Baca atau Masukkan Komentar

Post a Comment

လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D

Note: Only a member of this blog may post a comment.

Related Posts Plugin for WordPress, Blogger...