skip to main |
skip to sidebar

မိုဘိုင်းဖုန်း
အားသွင်းဖို့ အတွက် သိပ်အချိန်မရတဲ့ အခါတွေ ကြုံတွေ့ကြဖူး မှာပါ။
အဲ့ဒီအချိန်ကျ အချိန်တိုအတွင်း အားမြန်မြန် ဝင်စေမယ့် နည်းလမ်းကို အသုံးပြု
နိုင်ပါတယ်။
အဲဒါကတော့ Flight
mode/ Airplane mode သို့ ပြောင်းလိုက်ခြင်း ဖြစ် ပါတယ်။ Airplance mode,
Flight mode ပြောင်းလိုက်ခြင်းကြောင့် Background မှာ Run နေတဲ့
Application တွေအားလုံးကို ပိတ်ပေး ပါတယ်။ Bluetooth, Wireless, GPS ,
Mobile Data အစရှိသဖြင့် ဖုန်းအားအသုံးပြု နေတဲ့ Option အားလုံးကို Flight
mode က Off လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ အခါကျရင် အချိန်တိုအတွင်း
အားမြန်မြန် ဝင်တာကို တွေ့ ရမှာပါ။ အဲ့လိုမသွင်းခင်မှာလဲ ဖုန်းထဲမှာ Run
နေသမျှ App တွေ အားလုံးကို အရင် clear လုပ်ဖို့ လိုပါသေးတယ်။
နောက်ထပ်တစ်နည်းကတော့ ဖုန်းကို ပါဝါပိတ်ပြီး အားသွင်းခြင်း ဖြစ်ပါတယ်။
ဖုန်းကို ပါဝါပိတ်ထားတဲ့အတွက် ဘယ် application မှ အသုံးပြုရခြင်း မရှိ
တော့တာမို့ အားသွင်းတာ ပိုလို့တောင် မြန်ဆန် ပါတယ်။ သို့ပေမယ့် Power on/
off အကြိမ်များကြောင့် Data အချို့  ပျောက်ကွယ် နိုင် တာ ကြောင့် flight
mode ကိုပဲ ပိုပြီးတော့ Recommend ပေးပါ တယ်။ ပြီးတော့ အားအရမ်းလိုနေရင်
ကွန်ပြူတာ USB မှတစ်ဆင့် မသွင်းပါနဲ့။ Power Plug ကနေပဲ
ိတိုက်ရိုက်သွင်းရမှာ ဖြစ်ပါတယ်။ အားလုံး မိုဘိုင်း ဖုန်း အားသွင်းဖို့
အဆင်ပြေမယ်လို့ မျှော်လင့် ပါတယ်။
Ref: techgek
အောင်ခမ်း (International news for myanmar)
Artikel terkait :
0 comments "အရေးပေါ် ဖုန်းအား အမြန်သွင်းနည်း", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.