skip to main |
skip to sidebar
မြိတ်မြို့နယ်အတွင်း
ဝိနည်းနှင့် ညီညွတ်ခြင်းမရှိဘဲ နေထိုင်သည့် အတုအယောင်သံဃာများ
သန့်ရှင်းရေးဆောင်ရွက်နိုင်ရန် သံဃာဂိုဏ်းပေါင်းစုံ သာသနာတော်
ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း အဖွဲ့ဖွဲ့စည်းခြင်း အခမ်းအနားထံမှ သိရသည်။
မြိတ်မြို့ လေးကျွန်း ဆီမီးသိမ်တော်ကြီး ဗုဒ္ဓ သာသနာ့ ဗိမာန်တော်တွင်
သြဂုတ်လ ၂၅ ရက်နေ့၌ ပြုလုပ်သည့် အဖွဲ့ဖွဲ့စည်းခြင်း အခမ်းအနားတွင်
သံဃာတော်များက ထိုသို့ မိန့်ကြားခြင်းဖြစ်သည်။
မြိတ်မြို့နယ်အတွင်းရှိ သံဃာတော်အချို့သည် လူစည်ကားသည့် ဈေး၊
စာသင်ကျောင်း၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ လှေဆိပ် စသည်တို့တွင်
ဝတ္တုငွေကြေးများကို မမှန်ကန်သော နည်းလမ်းများဖြင့် အလှူခံခြင်း၊
လောင်းကစားမှု၊ အရက်သေစာ သောက်စားမှု စသည်တို့
ဆောင်ရွက်လျက်ရှိခြင်းတို့ကြောင့်
အတုအယောင် သံဃာတော်များအား သန့်ရှင်းအောင် ဆောင်ရွက်နိုင်ရန်အတွက်
သံဃာဂိုဏ်းပေါင်းစုံပါသော သာသနာတော် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ကို
ဖွဲ့စည်းရခြင်းဖြစ်သည်ဟု ယင်းအခမ်းအနားမှ သိရသည်။
အဆိုပါအစည်းအဝေးတွင် မော်တောင်ပရိယတ္တိ စာသင်တိုက်ကျောင်း ဆရာတော် ဦးနာရဒ
မှ ဥက္ကဌအဖြစ် တာဝန်ယူကာ သံဃာဂိုဏ်းပေါင်းစုံ သာသနာတော်ထိန်းသိမ်း
စောင့်ရှောက်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ယင်းအစည်းအဝေးမှ
သိရသည်။
Dawei |Watch| မြိတ်၊
Artikel terkait :
0 comments "မြိတ်တွင် သံဃာအတု သန့်ရှင်းရေးဆောင်ရွက်မည်", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.