skip to main |
skip to sidebar
Beranda
»
သတင်းများစုစည်းမှု
»
တရုတ်အလုပ်သမားတစ်ဦး သေဆုံးမှုအား စုံစမ်းဖော်ထုတ်ရန် တရုတ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးတစ်ဦး အပါအ၀င် ရဲတပ်ဖွဲ့ဝင် သုံးဦးတို့ ရောက်ရှိနေပြီး စီအိုင်ဒီက ဆက်လက်စုံစမ်းဆောင်ရွက်နေ

တရုတ်အလုပ်သမားတစ်ဦး
သေဆုံးမှုအား စုံစမ်းဖော်ထုတ်ရန် တရုတ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးတစ်ဦး အပါအ၀င်
ရဲတပ်ဖွဲ့ဝင် သုံးဦးတို့ စက်တင်ဘာ ၁၂ ရက်က ကျောက်ဖြူမြို့သို့
ရောက်ရှိနေပြီး စီအိုင်ဒီက ဆက်လက်စုံစမ်း ဆောင်ရွက်နေပြီဖြစ်ကြောင်း
သတင်းရရှိသည်။
အဆိုပါ တရုတ်အမျိုးသားတစ်ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး မဒဲကျွန်း ရဲစခန်းမှ(ပ) ၂၁/၂၀၁၃၊
ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိပြီး
လက်ရှိအချိန်တွင် ၈၀ ရာခိုင်နှုန်း စိစစ်ပြီး
အမှုတည်ဆောက်ပြီးဖြစ်ကြောင်းနှင့် စီအိုင်ဒီကို စက်တင်ဘာ ၉ ရက်က
လွှဲလိုက်ပြီဖြစ်ကြောင်းလည်း သိရသည်။
ကျောက်ဖြူမြို့နယ်
မဒေးကျွန်းရှိ တရုတ်ရေနံနှင့် ရွှေဂါတ်(စ်)စီမံကိန်း ရုံးချုပ်အခြေစိုက်ရာ
ယူနန်ကုမ္ပဏီမှ တရုတ်အလုပ်သမား မစ္စတာလီမော်ဟို (၃၉)နှစ် သေဆုံးမှုအပေါ်
စက်တင်ဘာ ၆ ရက်မှ စတင်ကာ မန်နေဂျာ အပါအ၀င် တရုတ်အလုပ်သမား ၁၂ ဦးကို
ကျောက်ဖြူမြို့ ရဲစခန်းမှ ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
သေဆုံးသူ မစ္စတာလီမော်ဟို၏ ရုပ်အလောင်းကို ယခုလ ၄ ရက်က မဒေးကျွန်းရွာနှင့်
ထုံးကျိန်အကြား သံဇိတ်မြစ်ကြောင်းတွင် လည်ပင်းတွင် ချွန်ထက်သည့်
ပစ္စည်းဖြင့် ထိုးရာနှစ်ချက် လက်တံတောင်ဆစ်တွင် ထိုးသွင်းဒဏ်ရာများဖြင့်
သေဆုံးလျက် တွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲစစ်ဆေးချက် မှတ်တမ်းများအရ
သိရသည်။
သေဆုံးသွားသူ လီမော်ဟိုနှင့်အတူ အလုပ်သမား အဆောင်တွင်
အတူတည်းခို နေထိုင်ပြီး အလုပ်လုပ်နေသည့် ယူနန်အလုပ်သမား ၁၂ ဦးရှိပြီး
လီမော်ဟို၏ အိမ်ရာခုံ အနီးအနားတွင်လည်း ၎င်းအားလုပ်ကြံ သတ်ဖြတ်ခြင်း
ဖြစ်နိုင်ဖွယ်ဟု သံသယဖြစ်ဖွယ် သွေးစက်များ ပေကျံနေသည်ကို တွေ့ရသည်ဟု
ရဲစစ်ဆေးချက် မှတ်တမ်းများအရ သိရသည်။
"သေဆုံးခဲ့သူ
မစ္စတာလီမော်ဟိုနဲ့အတူ အလုပ်လုပ်နေတဲ့ အလုပ်သမား ၁၂ ဦးကို သံသယရှိသူတွေလို့
ယူဆပြီး စစ်ဆေးနေတာ ဖြစ်ပါတယ်။ သူတို့တွေကို စစ်ဆေးမေးမြန်းတိုင်း အဖြေက
သေဆုံးသွားသူ မစ္စတာလီမော်ဟိုဟာ စိတ်ကျန်းမာရေး ကစဥ့်ကလျားဖြစ်ပြီး အပြင်ကို
ထွက်သွားနေစဉ် သူ့ရဲ့ကျန်းမာရေး အခြေအနေနှင့် ဒေသရာသီဥတု မကိုက်ညီတဲ့အတွက်
သေဆုံးသွားရတာများ ဖြစ်ကောင်းဖြစ်နိုင်ကြောင်း စသည်ဖြင့် မရေမရာ
ဖြေကြားကြပါတယ်။ သူ့ရဲ့ယူနန်ကုမ္ပဏီ မန်နေဂျာ မစ္စတာမဝေ့(စ်)ကလည်း
ဒီလိုအဖြေမျိုးကိုပဲ ပေးတယ်" ဟု ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ
ရဲအရာရှိတစ်ဦးက ဆိုသည်။
https://www.facebook.com/excellencemedia
Admin : သီဟ (ဘိုကလေးသား)
Artikel terkait :
0 comments "တရုတ်အလုပ်သမားတစ်ဦး သေဆုံးမှုအား စုံစမ်းဖော်ထုတ်ရန် တရုတ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးတစ်ဦး အပါအ၀င် ရဲတပ်ဖွဲ့ဝင် သုံးဦးတို့ ရောက်ရှိနေပြီး စီအိုင်ဒီက ဆက်လက်စုံစမ်းဆောင်ရွက်နေ", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.